
Jackie Brown(1997) IMDb Rating (7.5)/ Rotten Tomatoes (87%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ (၃) ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။ Robert De Niro , Samuel L. Jackson , Michael Keaton , Robert Forster , Pam Grier , Bridget Fonda တို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့မလို့ အမိုက်စားရုပ်ရှင်လဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ သန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီခွဲပြီး မက္ကဆီကိုကနေ မှောင်ခိုသယ်ပေးနေခဲ့ပါတယ် …… သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက် ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေပါတယ်… သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမားဟာ အနည်းဆုံး လူဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇက်ရဲ သတ်ဖြတ်တတ်သူပါ … ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် အပူတပြင်းအလိုရှိနေတဲ့တစ်ယောက်ပေါ့ ……. ဒီလက်နက်မှောင်ခိုသမားဟာ ရဲတွေကြားမှာ ဘယ်လိုအကွက်ရွှေ့ရမလဲသိသလို အခက်အခဲကြုံလိုက်တိုင်းလည်း သွေးအေးအေးနဲ့ ဖြတ်သန်းတတ်သူပါ…… အမှုလိုက်တဲ့ရဲတွေ မှောင်ခိုသမားတွေ လက်ရဲဇက်ရဲ လူသတ်သမားတွေနဲ့ ဂျက်ကီဘရောင်းဆိုတဲ့လေယာဉ်မယ်အမျိုးသမီးတို့ကြား ဘယ်လိုတွေဆက်စပ်ဖြစ်ကုန်လဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….။ ဇာတ်ကားကြာမြင့်ချိန် နှစ်နာရီခွဲခန့်ကြာမြင့်ပေမယ့် စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်ရှုသူပရိသတ်ပါ ဉာဏ်ကစားနိုင်အောင် မြှုပ်ကွက်လေးတွေနဲ့ရိုက်ထားတဲ့ကားဖြစ်လို့ ထိုင်ရာကမထချင်အောင် စွဲဆောင်မယ့် ဇာတ်ကားဖြစ်တဲ့အပြင် နာမည်ကြီးသရုပ်ဆောင်တွေကလဲ အပိုအလိုမရှိ ကျရာနေရာကနေပါဝင်သရုပ်ဆောင်ထားကြလို့ အော်စကာ အပါအဝင် ဆု ၂၂ ဆု ဇကာတင်ပြီး ဆု ၈ ဆုရရှိထားတာဆိုတော့ ကြည့်ရတာ တကယ်တန်မယ့်ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှ တင်ဆက်ထားပါတယ်။)