
Jab We Met (2007)”ငါတို့တွေ့ခဲ့ရင်” ============================ ရှာဟစ်ကပူးရ်နဲ့ ကရီနာကပူးရ်တို့ရဲ့ တချိန်က တော်တော်လေးအောင်မြင်ခဲ့တဲ့ အချစ်ဟာသရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းလေးကို စီအမ်ပရိသတ်တို့အတွက် တဖန်ပြန်လည် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ အာဒီတရာဟာ ချမ်းသာပေမဲ့ မိစုံဖစုံကြီးပြင်းခွင့်မရခဲ့တဲ့ broken family က ကောင်လေးတစ်ယောက်ပါ။ မိစုံဖစုံကြီးပြင်းခွင့်မရခဲ့အတဲ့အတွက် အချစ်ကို အစွဲအလန်းကြီးပြီး ချစ်သူကောင်မလေးကိုလည်း သိပ်ချစ်တဲ့သူပေါ့။ ဒါပေမဲ့ အာဒီတရာဟာ သူချစ်ရတဲ့ချစ်သူကောင်မလေးက သူ့ကိုထားသွားတဲ့အတွက် ဘဝကိုအဆုံးသတ်ဖို့တွေးပြီး ခြေဦးတည့်ရာလျှောက်သွားရာကနေ ဘူတာတစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲဒီဘူတာမှာ ရည်းစားနဲ့ခိုးပြေးဖို့ တစ်ယောက်တည်းခရီးထွက်လာရင်း ရထားလွဲသွားတဲ့ စပ်စလူးစိန်ကောင်မလေးတစ်ယောက်နဲ့ အာဒီတရာ မတော်တဆတွေ့ရာကနေ ခရီးဖော်တွေဖြစ်လာတဲ့အခါမှာတော့…။ နာမည်ကျော် ကိုရီးယား အချစ်ဟာသရုပ်ရှင် My Sassy Girl ကို အနည်းငယ်ကျောရိုးယူထားတဲ့ ဘောလိဝုဒ်အဟောင်းရွှေရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။