
ဒီနေ့မှာတော့ IMDb 7.2/10 ရ အိန္ဒိယ Comedy, Fantasy ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ “Jaadugar” .. “မျက်လှည့်ဆရာ” လို့အဓိပ္ပာယ်ရပြီး ထူးထူးဆန်းဆန်းပဲ အားကစားနဲ့မျက်လှည့်ပညာ ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းစပ်သရုပ်ဖော်ထားပြီးရိုက်ကူးထားတာပါ Neemuch လို့ခေါ်တဲ့ မြို့လေးက အိန္ဒိယနိုင်ငံရဲ့ဘောလုံးအားကစားချစ်မြတ်နိုးသူများ ဆုံစည်းရာမြို့ငယ်လေးပေါ့။ နှစ်စဥ်နှစ်တိုင်းလည်း အိမ်နီးချင်းမြို့တွေနဲ့ပြိုင်ပွဲတွေကျင်းပသလို အဲဒီပြိုင်ပွဲမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ယောက်ျားသားတွေ ဝင်ရောက်ကစားကြတာပေါ့။ အဲဒီထဲမှာ Meenu တော့မပါခဲ့ပါဘူး။ အဖေဖြစ်သူက မြို့ရဲ့ “ငွေတံဆိပ်ဘုရင်” ဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့အဖေနဲ့အမေကိုသေရတာ ဒီဘောလုံးကြောင့်လို့စိတ်ထဲစွဲနေပြီး Meenu တစ်ယောက်ဘောလုံးကိုယောင်လို့တောင်မကန်ဘဲနဲ့ ငယ်စဥ်တည်းကအိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်ဖြစ်ဖို့အရေးကိုပဲ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဘဝရဲ့နောက်ဆုံးအချစ်ကိုရှာတွေ့သွားပြီး အချစ်ရဲ့စေခိုင်းမှုနဲ့ ဘောလုံးပြိုင်ပွဲရဲ့ဖလားဆုကြီးကိုအရယူမှဖြစ်တော့မယ့် အခြေအနေရောက်ရှိလာပါတော့တယ်။ ဒီတော့ ဘောလုံးဆိုခြေဖျားနဲ့တောင်မထိခဲ့တဲ့ Meenu ရယ် .. နှစ်အတော်ကြာ ဘာဆုမှမရဘဲ ဘိတ်ချေးဖြစ်နေတဲ့သူတို့အသင်းရယ် .. ဘယ်လိုအလွဲတွေနဲ့နှစ်ပါးသွားကုန်ကြမလဲဆိုတာတော့ ကိုယ်တိုင်ရှုစားရင်းရယ်မောလိုက်ပါတော့။ File size…2.68GB / 1.27GB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Guu Guu & Yunni & Lai laii
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |