
IMDb-6.4 ~ Rt-71% ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ ပါဝင်သရုပ်ဆောင်ထားပြီး old but gold ရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာ မျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရော တာပွန်ကျေပွန်တဲ့ ရဲအရာရှိတစ်ယောက်အနေနဲ့ပါ နယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင် မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ် အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြား အမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့ သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ယောင်္ကျားဖြစ်သူ အက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကို အကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီး ဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကို ထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက် အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။ အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့် တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေ ပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကို တစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။ နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေ ဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီး သူပေးခဲ့တဲ့ ကတိကိုတည်ဖို့ လုပ်တဲ့အခါမှာ ချာလီ၊ မျူရီရယ်နဲ့ အီဗွန်းတို့ရဲ့ ဘဝတွေ ဘယ်လိုပြောင်းလဲသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 1.1 GB / 694 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 720p | 694 MB | Download | |
| 720p | 694 MB | Download | |
| 720p | 694 MB | Download | |
| 720p | 694 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director