
IMDb - 7.1/10 စစ်ပွဲအတွင်း အခက်ခဲဆုံးအချိန်တွေမှာ ရန်သူတွေဟာလည်း မိတ်ဆွေကောင်းတွေဖြစ်သွားတတ်ကြပါတယ်။ Christmas Truce လိုမျိူးဖြစ်ရပ်တွေကိုသဘောကျကြတဲ့ ပရိသတ်ကြီးအတွက် ဒုတိယကမ္ဘာစစ်အတွင်းကနော်ဝေးနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟယ်ရီပေါ်တာရုပ်ရှင်တွေထဲမှာ ရွန် ဝီစလီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rupert Grint ရဲ့ ဟယ်ရီပေါ်တာရုပ်ရှင်တွေအပြီးမှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်ဗျ။ ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေးနိုင်ငံအတွင်းမှာ အင်္ဂလိပ်နဲ့ ဂျာမနီ လေယာဉ်တွေ တိုက်ခိုက်ခဲ့ကြပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ လွင်ပြင်ကြီးထဲကို ဂျာမန်ဗုံးကျဲလေယာဉ်ကပျက်သွားခဲ့ပြီး သူတို့ပစ်ချခဲ့တဲ့ ဗြိတိန်လေယာဉ်ကလည်း အနီးနားလေးမှာပဲ ပျက်ကျသွားခဲ့ပါတယ်။ ပျက်ကျမှုမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လေယာဉ်မှူးတွေနဲ့ လေတပ်သားတွေက နှင်းတောကြီးထဲမှာ ခိုလှုံဖို့နေရာတစ်ခုကိုလိုက်ရှာရင်း လွင်ပြင်ထဲမှာရှိနေတဲ့အမဲလိုက်တဲလေးတစ်ခုမှာဆုံတွေ့မိကြပြီး ဗြိတိန်လေသူရဲတွေကို ဂျာမာန်တွေက စစ်သုံ့ပန်းအဖြစ်ဖမ်းထားလိုက်ပါတော့တယ်။ ဒီလိုနဲ့ လူသူဝေးတဲ့ နှင်းတောကြီးထဲကိုရောက်နေတဲ့ ဗြိတိန်နဲ့ ဂျာမန်တွေကြား ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ၊ ရန်သူတွေဆိုတာကရော မိတ်ဆွေတွေဖြစ်လာနိုင်ရဲ့လား ဆိုတာကို ကြည့်ရှုရမဲ့ စစ်ကားကောင်းလေးတစ်ကားပါဗျ။ စစ်ကားဆိုပေမဲ့လည်း တိုက်ခိုက်ခန်းသိပ်မပါပဲ ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားတဲ့ ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ကြည့်ရှု့လိုက်ကြပါဦးဗျ File size…1.16GB / 451.3MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Aciton , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt