
Infamous ဇာတ်ကားဟာ 2006 ခုနှစ်မှာထွက်ရှိခဲ့ပြီး Douglas McGrath ရေးသားခဲ့ကာ ဒါရိုက်တာ Douglas McGrath ရိုက်ကူးခဲ့တဲ့ အမေရိကန် ဒရာမာဇာတ်ကား အမျိုးအစားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Truman Capote ဟာ ဉာဏ်ရည်ထက်မြတ်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ် သူဟာ Kansas မြို့မှာ မိသားစုတစ်စုလုံးကို အသတ်ခံရခဲ့တဲ့အကြောင်း သိခဲ့ပါတယ် အဲ့တာနဲ့ Capote ဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ Harper Lee နဲ့အတူ အမှုဖြစ်ခဲ့တဲ့မြို့ကို လည်ပတ်ပြီး လူတွေရဲ့ တုံ့ပြန်မှုအကြောင်းကို သတင်းရေးချင်ခဲ့ပါတယ် ပထမဆုံး သူဟာ ဒေသခံတွေကို လူသတ်မှုအကြောင်း မေးမြန်းခဲ့ပါတယ် လူသတ်သမားတွေကို ဖမ်းမိတဲ့အခါမှာလည်း Capote ဟာလူသတ်သမားတွေရဲ့ ပြစ်မှုကျူးလွန်ခဲ့ရတဲ့အကြောင်းအရင်းနဲ့ လူသတ်သမားတွေရဲ့စိတ်ခံစားချက်တွေကို ဖော်ပြတဲ့ စာအုပ်ထုတ်ပြီး သတင်းဖော်ပြမှုပုံစံသစ်ကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ် Capote ဟာသူ့ရဲ့စာအုပ်ကိုဖန်တီးတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ၊ သတင်းယူရင်းနဲ့ လူသတ်သမားနဲ့ Capote ရဲ့ ဆက်ဆံရေး၊ Capote ရဲ့ လူမှုဆက်ဆံရေးကောင်းပုံတွေကိုပါ စွဲမက်ဖွယ် ကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် Infamous ဇာတ်ကားဟာ Thriller/Drama အမျိုးအစားဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့၊ သုတရော ရသကိုပါ ပေးစွမ်းပါတယ် ထူးချွန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အခုခေတ်မှာ ရှားပါးပစ္စည်းတစ်ခုလို့တောင်ထင်ရတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…(910 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:50:00 Genre…Biography, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su