
အလုပ်အပေါ်သစ္စာရှိသူ တာဝန်သိမီးသတ်တပ်မှူး သီယိုဟာ အကြီးစား မီးလောင်မှုတစ်ခုမှာ သူ့ရဲ့ ခေါင်းမာတဲ့ ဆုံးဖြတ်ချက်ကြောင့် သူငယ်ချင်းနှစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်ဒဏ်ရာခံစားနေရသူဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေအတွက် အခမဲ့ကုသပေးနေတဲ့ စိတ်ဒဏ်ရာ ရောဂါကုဆေးခန်းတစ်ခုမှာ ကုသမှုခံယူပေမယ့် စိတ်ဒဏ်ရာကသက်သာမလာတဲ့အပြင် .. တစ်နေ့မနက်မှာတော့ မိန်းမဖြစ်သူကို မိမိဘေးမှာ လဲလျောင်းသေဆုံးနေတာတွေ့လိုက်ရပြီး အဓိက သံသယရှိသူအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ သူသွားသမျှနောက်ကို အဖွဲ့အစည်းတစ်ခုကနေလိုက်နေပြီး သီယိုနဲ့တွေ့ခဲ့သမျှလူတွေဟာလည်း အသတ်ခံရတဲ့အတွက် တစ်နေ့တည်းမှာတင် အစုလိုက်အပြုံလိုက်သတ်သူ အန္တရာယ်ရှိဝရမ်းပြေးဖြစ်သွားရပြန်ပါတယ်။ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာလည်း အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့ လူမျိုးရေးခွဲခြားမှုနှင့်အတူ နိုင်ငံရေးလှည့်ကွက်အကြီးစားကြီးတစ်ခုပါဝင်နေပါတယ်။ အဲဒီတော့... နိုင်ငံတော်ကိုကာကွယ်ရမယ့် အကြီးအကဲတွေကိုယ်တိုင် မိမိတစ်ဦးတည်းရဲ့ အာဏာနောက်ကို လိုက်တဲ့အခါမှာ နိုင်ငံသားတွေအပေါ် လူမဆန်တဲ့ ပြစ်မှုတွေကျူးလွန်လာနိုင်လားဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Wut Yi ပါ။) File Size : (2.4GB), (900MB) & (409MB) Quality : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format : mp4, mkv Duration : 2hr & 4mins Genre : Action, Thriller Translated by Hnin Wut Yi Encoded by Kinnov