
In the Blind Spot (Aka) Im toten Winkel (2023) IMDb Rating (6.8) တူရကီနိုင်ငံမှာ ပြန်ပေးဆွဲခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်း ဂျာမဏီက ရိုက်ကူးရေးအဖွဲ့နေ ရုပ်သံမှတ်တမ်းလာရောက်ရိုက်ကူးရာကစတဲ့ ဇာတ်လမ်းပဲပြောပါတော့လေ။ ၇ နှစ်အရွယ် မလိခ် ဆိုတဲ့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သူ ဝိညာဉ်တစ်ဦးနဲ့ ဆက်သွယ်မိနေပေမဲ့ သူ့ကို စိတ်ကူးယဉ်သူငယ်ချင်းလို့ပဲ ထင်နေပါတယ်။ ကလေးမလေး မလိခ် ရဲ့ ပြောကြားချက်တွေက ကွယ်လွန်သူရဲ့အကြောင်းတွေ၊ မိတ်ဆွေတွေ၊ သူ့ကိုသတ်သွားတဲ့သူတွေရဲ့ မိသားစုတွေအကြောင်းတွေ ဖြစ်နေခဲ့ပေမဲ့ စကားနည်းလွန်းတဲ့ ကောင်မလေးရဲ့အကျင့်ကြောင့် လူကြီးတွေက သိပ်သတိမထားမိပါဘူး။ ဒါပေမဲ့ မလိခ် က လူသတ်မှုကို ဘယ်သူက ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာတဲ့အချိန်မှာ လူသတ်သမားရော၊ သူ့ဖခင်ရော ပြဿနာကြီးကြားထဲရောက်သွားခဲ့ပါတယ်။ ဒီတော့ လူသတ်သမားကြီးကရော၊ လူသတ်သမားကိုသိတဲ့ ဖခင်အနေနဲ့ရော ကိုယ့်ဘက်အမှုမပတ်ရအောင် ကြိုးစားကြပုံတွေကို ဟောဒီတူရကီဇာတ်ကားထဲမှာ ကြည့်ကြရပါမယ်။ ဇာတ်လမ်းကြောင်းက သိပ်ကိုရိုးရှင်းလွန်းလို့ မွှေနှောက်ပြီး ရှုပ်ထွေးအောင်လုပ်ထားတဲ့ တည်းဖြတ်မှုကို ခေါင်းရှုပ်ရှုပ်နဲ့ကြည့်ရမယ့်ဇာတ်ကားပါ။ အင်္ဂလိပ်စကားပြောတချို့ကို စာတမ်းမထိုးထားဘဲ မူရင်းတူရကီစကားကိုပဲ စာတန်းထိုးထားပေမဲ့ ဇာတ်လမ်းကိုမထိခိုက်တဲ့အတွက် ဒီအတိုင်းပဲတင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 1.6 GB | Download | |
| 1080p HEVC | 1.6 GB | Download | |
| 1080p HEVC | 1.6 GB | Download | |
| 1080p HEVC | 1.6 GB | Download | |
| 720p | 990 MB | Download | |
| 720p | 990 MB | Download | |
| 720p | 990 MB | Download | |
| 720p | 990 MB | Download | |
| 720p | 990 MB | Download | |
| 720p | 990 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.8 / 10
Director