
ဒီဇာတ်ကားကတော့ Nightwish တီးဝိုင်းရဲ့သီချင်းတွေနဲ့ ဖန်တီးထားတဲ့ Fantasy/Musical ဇာတ်ကားဖြစ်တဲ့ Imaginaerum ဆိုတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကထွက်ရှိပြီး 6.1/10 rating ရရှိထားပါတယ်။ ဒါရိုက်တာက Stobe Harju ဖြစ်ပါတယ်။ ဇာတ်လမ်းက တွမ် ဆိုတဲ့ တေးရေးဆရာဂီတသမားတစ်ဦးအကြောင်းဖြစ်ပါတယ်။ တွမ်က အသက်ကြီးလာပြီဖြစ်လို့ Demantia ရောဂါစွဲကပ်နေပြီး တစ်နေ့မှာ ကိုမာဝင်သွားရာကနေ သူ့ရဲ့လူကြီးပိုင်းမှတ်ဥာဏ်တွေအကုန် ပျောက်ဆုံးသွားပြီး သူ့ရဲ့အတိတ်ဖြစ်တဲ့ ဆယ်နှစ်သားအရွယ် တွမ်နဲ့ သူ့ရဲ့စိတ်ကူးယဥ် ခြောက်အိပ်မက်တွေ အတိတ်ဖြစ်ရပ်ဆိုးတွေပဲကျန်ပါတော့တယ်။ ဒီအိပ်မက်တွေကနေ သူ့ကိုယ်သူရှာတွေ့အောင်ကြိုးစားပြီး အတိတ်ကိုလက်လွှတ်နိုင်ပါ့မလားဆိုတာကို တင်ဆက်ထားတာဖြစ်ပါတယ်။ Finnish symphonic metal တီးဝိုင်းဖြစ်တဲ့ Nightwish ရဲ့ သီချင်းတွေနဲ့ ဒီဇာတ်ကားကိုတည်ဆောက်ထားတာဖြစ်ပြီး Night Wish က ဒီဇာတ်ကားထဲက သီချင်းတွေကို Imaginaerum ဆိုတဲ့ခေါင်းစဥ်နဲ့ပဲ အယ်လ်ဘမ်တစ်ခုထုတ်ခဲ့ပါသေးတယ်။ Fantasy အမျိုးအစားဖြစ်ပြီး ရှည်လျားတဲ့လွမ်းမောဆွတ်ပျံ့ဖွယ် တေးဂီတဗီဒီယိုတစ်ပုဒ်နဲ့တူတဲ့ ဒီဇာတ်ကားကို Nightwish ဖန်မှန်ရင် ကြည့်သင့်ပါတယ် File size…(1.1 GB)/(490 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Fantasy , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 720p | 490 MB | Download | |
| 720p | 490 MB | Download | |
| 720p | 490 MB | Download | |
| 720p | 490 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director