
If You Were the Last (2023) ~ IMDb – 6.3/10, Rotten Tomatoes – 85% ~ အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။ နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ဝါးလုံးကွဲမဟုတ်ရင်တောင် ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 985MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 32Min Genre – Comedy, Romance. Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.05GB | Download | |
| 1080p | 2.05GB | Download | |
| 1080p | 2.05GB | Download | |
| 1080p | 2.05GB | Download | |
| 720p | 985MB | Download | |
| 720p | 985MB | Download | |
| 720p | 985MB | Download | |
| 720p | 985MB | Download | |
| 720p | 985MB | Download | |
| 720p | 985MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.3 / 10
Director