
ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း နေတဲ့ ရှဉ့်လေးကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲနေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ကျသွားပြီး သူ့ရဲ့ဂယက်ကြောင့်ပဲ ကမ္ဘာဦးခေတ်ရဲ့ ကုန်းမြေတွေ တစ်စစီပြိုကွဲသွားကာ ယနေ့ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်းတွေ ဖြစ်လာခဲ့ပါတယ်။ ဒီသက်ရောက်မှုကို အဓိကခံခဲ့ရတာက ကမ္ဘာပေါ်က တိရစ္ဆာန်တွေ ဖြစ်ပြီး မြေလွှာပြတ်ရွေ့မှုတွေကြောင့် နေရပ်ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှုတွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အဝေးကိုရောက်သွားခဲ့တာကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြအဖွဲ့ရဲ့ အန္တရာယ် တွေကို ကျော်ဖြတ်ဖို့ကြိုးစားမှုတွေကို မြင်တွေ့ရမှာပါ။ ဒီကားမှာ character အသစ်တွေအဖြစ် ဒီယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမလေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာကြောင့် အလွဲအချော်တွေ၊ဟာသတွေနဲ့ Ice ageတွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ File size… 5.8 GB / 2.2 GB / 1.1 GB Quality… Web-DL 4K HDR / 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 4K HDR | 5.8 GB | Download | |
| 4K HDR | 5.8 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director