
I Sell the Dead (2008) ================= ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ဆရာဖြစ်သူ အလောင်းခိုးမှု၊ လူသတ်မှုနဲ့ ခေါင်းဖြတ်ခံရတဲ့အခန်းကနေစထားတာပါ။ တပည့်အလှည့်ကတော့ မနက်ဖြန်ပေါ့လေ။ အဲလိုသေဒဏ်မပေးခင်မှာ ဘုန်းတော်ကြီးတစ်ပါးကို အပြစ်သားဆီလွှတ်ပြီး အပြစ်ဖော်ဆုံးမခိုင်းလေ့ရှိပါတယ်။ ဘုန်းတော်ကြီးနဲ့ တပည့်ဖြစ်သူတို့ စကားပြောရင်း တပည့်လေးက သူတို့ရဲ့အလောင်းသူခိုးအတွေ့အကြုံတွေ၊ မျက်မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာတွေကို ပုံပြင်တစ်ခုလိုပြန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာပါတော့တယ်။ ကြည့်ရှုခံစားလိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ ) File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:25:00 Genre_Comedy , Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin Thike
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 750 MB | Download | |
| 720p | 750 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.0 / 10
Director