
တစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးက title ကို ကြည့်လိုက်ရင်တော့ ပျော်ရွှင်ကြည်နူးစရာ အချစ်ဇာတ်လမ်းလို့ ထင်သွားကြပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒီရုပ်ရှင်ဟာ သမီးရည်းစားဆက်ဆံရေးကြားက မွန်းကြပ်ဖွယ်ရာ စိတ်ပိုင်း ဆိုင်ရာ ခြယ်လှယ်အနိုင်ကျင့်မှုတွေကို ရိုက်ကူးတင်ဆက် ပြထားတာပါ။ မက်ကန်ဇီဟာ အသက် ၂၆နှစ်အရွယ် ဥပဒေ ကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကို သမားရိုးကျ နေထိုင်နေတဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့ကျတော့ မက်ကန်ဇီရဲ့ သူငယ်ချင်းမွေးနေ့ပါတီပွဲမှာ ဖင်းဆိုတဲ့ လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ ဒီလိုကနေ ဇာတ်လမ်းတွေငြိပြီး သူတို့နှစ်ယောက်တွဲ ဖြစ်သွားကြပါတယ်။ ဆက်ဆံရေးအစပိုင်းမှာ ဖင်းက မက်ကန်ဇီကို ရေကုန်ခမ်းကုန်ကြူးပြတာတွေ ချစ်ပြတာ တွေကြောင့် မက်ကန်ဇီလည်း ဖင်းကိုတော်တော်လေး ချစ်မိသွားပါတယ်။ ဒါပေမဲ့ တွဲလာတာ ၃လလောက် ကြာတဲ့အခါမှာ ဖင်းရဲ့ ချစ်သူရည်းစားအပေါ် အလွန် အကြူး ခြယ်လှယ်ချုပ်ကိုင်တတ်တဲ့ စိတ်ရင်းမှန်က ဖြည်းဖြည်းချင်းပေါ်လာပါတော့တယ်။ ဒီလို မွန်းကြပ်ဖွယ်ရာ ဆက်ဆံရေးထဲ ပိတ်မိသွားတဲ့ မက်ကန်ဇီတစ်ယောက် ဘယ်လိုတွေရှေ့ဆက်မလဲ ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားမျိုးပါ။ အခုရုပ်ရှင်ထဲမှာပါတဲ့ မက်ကန်ဇီနဲ့ ဖင်းတို့ရဲ့ ဆက်ဆံရေး မျိုးကို တကယ့်လက်တွေ့ဘဝမှာကြုံတွေ့နေရသူတွေလည်း ရှိပါတယ်။ ကိုယ်ထိလက်ရောက် စော်ကားနှိပ်စက်တာ မဟုတ်တိုင်း ဘာမှမဖြစ်ပါဘူးလို့ မြင်ကြပြီး စိတ်ပိုင်းဆိုင်ရာ abuse လုပ်နေကြသူတွေလည်းတစ်ပုံတစ်ပင်ကြီးပါ။ ဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရ၊ manipulate လုပ်ခံ နေရတဲ့ အဆိပ်အတောက်ဆန်ဆန် ဆက်ဆံရေးမျိုးတွေ ထဲမှာ ပိတ်မိနေတယ်ဆိုရင် အမြန်ဆုံးရုန်းထွက်ဖို့ အကြံပေး လိုက်ချင်ပါတယ်။ မက်ကန်ဇီလည်းရုန်းထွက်နိုင်သွားပါ မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှု လိုက်ကြပါဦး။ File size… (898 MB) / (496 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 898 MB | Download | |
| 1080p | 898 MB | Download | |
| 1080p | 898 MB | Download | |
| 1080p | 898 MB | Download | |
| 720p | 496 MB | Download | |
| 720p | 496 MB | Download | |
| 720p | 496 MB | Download | |
| 720p | 496 MB | Download | |
| 720p | 496 MB | Download |