
I Love You (2023) ************************** ဒီဇာတ်ကားလေးကတော့ IMDb rating 8.8အထိရရှိထားပြီး Drama/Romanceနဲ့ Thrillerအမျိုးအစား ဘောလိဝုဒ်ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပရိတ်သတ်အသဲစွဲမင်းသမီး ရာကူးလ်ပရီးသ်ဆင်းဂ်က ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဇာဆောင်မင်းသားတွေကတော့ အက်ရှေး အိုဘရွိုင်နဲ့ ပလ္လဗီဂူလာထီတို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း စတ်တရာဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ လက်ထပ်ရတော့မှာကို စိတ်လှုပ်ရှားနေရတဲ့သူပါ။ သူ့မှာအချစ်ဆုံးသူငယ်ချင်း အာရ်အိုဆိုတဲ့သူတစ်ယောက်ရှိတယ်။ သူ့အကြောင်းအစုံသိနေတဲ့သူပေါ့။ တစ်နေ့ဒေဝါလီညမှာ မင်္ဂလာဆောင်ဖို့ဒေလီသွားဖို့လုပ်ရင်း ရုံးကနေအပြန်မှာ ဒေဝါလီပိတ်ရက်ကြောင့် ရုံးတွေအစောကြီးပိတ်ကြပြီး စတ်တရာတစ်ယောက် ရုံးထဲမှာပိတ်ကျန်နေခဲ့တော့တယ်။ ရုတ်တရက်သူ့သူငယ်ချင်း အာရ်အိုလည်း ရုံးခန်းထဲမှာပိတ်မိနေတဲ့အချိန်မှာတော့ နှစ်ယောက်သား အပြင်ထွက်ဖို့ဘယ်လိုကြိုးစားကြမလဲ... စတ်တရာလည်းလက်ထပ်ဖို့အစီအစဉ်ပါ ဖျက်လိုက်ရတဲ့အခြေအနေမှာတော့...သူ့သူငယ်ချင်းကရော သူငယ်ချင်းအဖြစ်ရှိနေနိုင်ဦးမလားဆိုတာတော့ မထင်မှတ်ထားတဲ့ plot twist တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။ အညွှန်းနဲ့ဘာသာပြန်တွေကတော့ Nyein, Zwe Yan Naingနဲ့ Thaik Sanတို့ပဲ ဖြစ်ပါတယ်။ File size…1.17GB / 459MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein~ Zwe Yan Naing ~ Thaik San