
ရိုးရိုးလေးနဲ့ တသသတွေးနေရမဲ့ အချစ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ရောခ်ဂီတအဖွဲ့တစ်ခုနဲ့ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဖန့်ခွေအန်းဟာ သူမရဲ့ ဂီတအိပ်မက်ကို လက်လျှော့လိုက်ရချိန်မှာပဲ သူမရဲ့အဖေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်သွားခဲ့တဲ့ သတင်းကို ရခဲ့ပါတယ်။ အဖိုးလက်ထပ်ကတည်းက အောင်မြင်ခဲ့တဲ့ စားသောက်ဆိုင်က ဒီလိုနဲ့ပဲ သူ့လက်ထဲကို ရောက်လာပါတော့တယ်။ မိသားစုလုပ်ငန်းဖြစ်သော်လဲ သူမမှာ ဟင်းချက်နည်းတွေကို မြင်သာမြင်ဖူးပြီး ကိုယ်တိုင်က မလုပ်တတ် မကိုင်တတ်ဖြစ်နေပါတယ်။ တိုက်ဆိုင်စွာနဲ့ သူမတို့ စားသောက်ဆိုင်မှာ စားပြီး ဝမ်းလျှောသွားတာကြောင့် သူမက လျော်ကြေးမပေးနိုင်ပဲ အိမ်မှာ လက်ခံထားတဲ့ ကုန်းပေါင်ဆိုတဲ့ လူကြီးဟာ Michelin စားဖိုမှူးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ...... သူတို့နှစ်ယောက် အတူတကွ စားသောက်ဆိုင်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလား ...... သူတို့ နှစ်ယောက်ကရော မတည့်အတူနေ ကနေ ချစ်မေတ္တာတွေက ဘယ်လို ပေါက်ဖွားလာမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ကြည့်ရှု ခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK