
အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက် မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါ သက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့. နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့ အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကို နှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်. အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူ တစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်. ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကို Flashback Scene များနဲ့ ဟာသနှောတင်ဆက်ထားပါတယ်. သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ. နတ်ကလည်း သူ့ကို အလုပ်အပ်မယ့် အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့ အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို. ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ ရည်းစားဟောင်း. ကလိုဝီအပေါ်မှာ အချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့.. စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကို တည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေ ဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကို အကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size… 1.56 GB / 686 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Romance, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali