
Netflix က ထွက်ရှိထားပြီး IMDb 6.1 ရရှိထားသလို Rotten Tomatoes မှာ 69% ရထားတဲ့ ကားလေးပါ။ Overrated ဖြစ်မနေ တာတော့ အသေအချာပါပဲ။ ဘာလို့ဆို ဇာတ်ကားလေးကိုစကြည့်ထဲ ကနေ တောက်လျှောက် ဘာဖြစ်မလဲဆိုတာ မသိရတာမျိုးကားလေး မလို့ပေါ့ဗျာ။ ဒီလိုကားလေးတွေရဲ့ ထုံးစံအတိုင်း ဇာတ်သိမ်းခါနီးထိကို ဆွဲခေါ်သွားပြီးဇာတ်သိမ်းတော့မှ ဇာတ်ရှိန်ကျတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားလေးထဲမှာတော့ ဂရက်ဖတီဆွဲတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ တိုဘီ နဲ့ ဂျေးတို့နဲ့ စတင်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရော်ဘင်ဟုဒ်တွေလိုပေါ့ဗျာ။ ရိုးရိုးသာမန်ဂရက်ဖတီသမားတွေလို လမ်းမတွေ ပေါ်မှာ မဆွဲဘဲ အကျင့်ပျက်ခြစားနေတဲ့သူဋ္ဌေးကြီးတွေရဲ့ အိမ်ထဲခိုးဝင်ပြီး ခြိမ်းခြောက်စာအနေနဲ့ ဂရက်ဖတီတွေ ဆွဲတတ်တဲ့ လူငယ်လေးတွေဖြစ်ပါတယ်။ စနစ်ဆိုးကြီးကို ဒီလိုစတင်တိုက်ထုတ်မယ်လို့ ခံယူထားကြတဲ့ လူငယ်လေး နှစ်ယောက်ပေါ့။ သိုးရေခြုံထားတဲ့ ဝံပုလွေဆိုးကြီးတွေကို ဂရက်ဖတီနဲ့ဖော်ထုတ်နေတဲ့ သိုးငယ်လေး နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမယ်၊ ဇာတ်လမ်းထဲမှာ ဘာတွေဆက်ဖြစ် သွားဦးမလဲကိုတော့ ဒါရိုက်တာ ဘာဘက်အန်ဗာရီရိုက်ကူးထားတဲ့ I Came By ဆိုတဲ့ ရုပ်ရှင်ကားလေးထဲမှာခံစားရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.55 GB) / (610 MB) / (354 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......San Thu Aung Encoder..........SWM