
I am Dragon (2015) နဂါးလေးကိုမှ ချစ်မိနေပါပြီဆိုတဲ့ CMပရိသတ်တို့အတွက် Animationကောင်းကောင်းနဲ့ Positive review တွေပိုင်ဆိုင်ထားတဲ့ IMDb-6.8ရ ရုရှားနဂါးကားလေး တင်ဆက်ပေးချင်ပါတယ်။ တောင့်တောင့်ဖြောင့်ဖြောင့် six pack နဲ့ နဂါးလေးရယ် လှရက်လွန်းလှတဲ့ မင်းသမီးလေးရယ်ကို ငမ်းရတာနဲ့တင် အတော်တန်တဲ့ ရုပ်ရှင်လေးဆိုတော့ ရုရှားအဆင်လေး ပြောင်းကြိုက်ချင်သူတွေအတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း…. တစ်ချိန်က နဂါးတွေကြီးစိုးနေစဉ်ကာလမှာ မြို့ငယ်လေးတစ်မြို့က လူတွေက ရွာကအပျိုချောတွေကို နဂါးကြီးကို ဆက်သရပါသတဲ့။ ဒီမိန်းကလေးတွေကို နဂါးစာအဖြစ် ဆက်သနေရတာဟာ ဒီမြို့လေးအတွက်တော့ ဓလေ့ထုံးစံတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ သိပ်ချစ်တတ်တဲ့ လူငယ်တစ်ယောက် မပေါ်လာခင်ပါပဲ။ ဒီလူငယ်လေးကတော့ နဂါးကိုဆက်သရတော့မယ့်ချစ်သူမိန်းကလေးကို အရပြန်လုဖို့ စိတ်ပိုင်းဖြတ်ခဲ့ပေမဲ့ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ရပါတယ်။ ချစ်သူကို ကယ်ဖို့မမီလိုက်တဲ့ ဒေါသဇောနဲ့ပဲ အချစ်ကြီးတဲ့လူငယ်လေးက နဂါးကြီးကို လှံနဲ့ပစ်ခွင်းအနိုင်ယူပြီး နဂါးသတ်သမားဘွဲ့ကို ခံယူလိုက်ပါတော့တယ်။ နှစ်တွေကြာတော့ နဂါးဆိုတာ တကယ်ရှိတယ်တောင်မထင်ရတော့တဲ့အထိ ဒဏ္ဍာရီတစ်ပုဒ်သာသာဖြစ်လာတာပေါ့။ အခုလက်ရှိမှာတော့ ဒီနဂါးသတ်သမားရဲ့မျိုးဆက်ဖြစ်တဲ့ အီဂါဆိုတဲ့လူငယ်လေးဟာ မြို့ကိုအုပ်စိုးတဲ့မင်းသားကြီးရဲ့ သမီးထွေးနဲ့ လက်ဆက်ဖို့ပြင်နေပါတယ်။ ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ နဂါးတွေ နတ်သမီးပုံပြင်တွေကြားမှာ မွေ့လျော်နေတဲ့သမီးဖြစ်သူကို သူရဲကောင်းမျိုးဆက်လက်အပ်ချင်တဲ့မင်းသားကြီးနဲ့ တစ်ဖက်က သူရဲကောင်းအဘိုးရဲ့အရှိန်အဝါနဲ့ ဂုဏ်မောက်နေတဲ့အီဂါတို့ကြား နေရကြပ်နေတဲ့ မီယိုဆာလ်ဗာမင်းသမီးလေးတစ်ယောက် လက်ထပ်ပွဲမှာ နဂါးခေါ်သီချင်းဆိုပြီးနောက်မှာ နဂါးကြီးက ဂူကြီးတစ်ခုထဲကို ခေါ်သွားတာခံလိုက်ရတဲ့အခါ… ကျင်းထဲမှာ မီယာနဲ့တွေ့တဲ့ အမည်မသိကောင်လေးက ဘယ်သူလဲ။ မီယာကိုခေါ်လာတဲ့နဂါးကြီးကရော ဘယ်ရောက်သွားလဲ။ နဂါးသတ်သမားမျိုးဆက်ဆိုပြီး လက်စွမ်းပြချင်တဲ့အီဂါတစ်ယောက်ကရော မီယာကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲဖြစ်ပါတယ်) Genre….. Adventure, Fantasy, Romance Quality…. 1080p | 720p File size… 1.6GB | 805MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6GB | Download | |
| 1080p | 1.6GB | Download | |
| 1080p | 1.6GB | Download | |
| 1080p | 1.6GB | Download | |
| 720p | 805MB | Download | |
| 720p | 805MB | Download | |
| 720p | 805MB | Download | |
| 720p | 805MB | Download | |
| 720p | 805MB | Download | |
| 720p | 805MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.8 / 10
Director