
(အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH , Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...)) စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့... တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်... ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ် ...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ် ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်.... ရုရှား အမေရိကန် နိုင်ငံရေးတင်းမာမှုတွေဟာ ဘယ်လောက်ထိကြီးကျယ်ပြီး တတိယကမ္ဘာစစ်ကို ခေါ်ဆောင်သွားနိုင်သလားဆိုတာ ပရိတ်သတ်ကြီးပဲ ရှုစားတော်မူကြပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (2.13GB),(982MB) Quality : Blu-Ray 1080p 5.1 CH, Blu-ray 720P Format…mp4 Duration…02:02:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |