
Humanist Vampire Seeking Consenting Suicidal Person (2023) ~ IMDb – 7.2/10, Rotten Tomatoes – 82% ~ “ရိုးရှင်းခြင်း၌ အလှတရားရှိ၏” တဲ့။ အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ ဒီကားရဲ့ နာမည်ကို ကားနဲ့ဆီလျော်ပြီး နားလည်လွယ်အောင် ပြောရရင် “သတ်သေချင်သူများအား မေတ္တာဖြင့် သတ်ဖြတ်ပေးမည့် လူသားဆန်သူ ဗင်ပိုင်းယားမလေး”တဲ့။ ဆိုတော့ ဘာတွေဆက်ဖြစ်မလဲ ရိပ်ဖမ်းသံဖမ်းတော့ သိလောက်ရောပေါ့။ Humanist Vampire Seeking Consenting Suicidal Person ဟာ ရိုးရိုးလေးနဲ့ ဇာတ်ဝင်ခန်းတွေက ကြည့်လို့ကောင်းနေတဲ့ ရုပ်ရှင်မျိုးပေါ့။ အားလုံးနဲ့ အံကိုက်ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 855MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 720p | 855MB | Download | |
| 720p | 855MB | Download | |
| 720p | 855MB | Download | |
| 720p | 855MB | Download | |
| 720p | 855MB | Download | |
| 720p | 855MB | Download |