
နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။ နီကိုးလ်ရဲ့ အဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။ တရက်မှာတော့ နီကိုးလ်ရဲ့ အဖေဟာ ပြဿနာတစ်ခုကြောင့် မိဘမကောင်း သားသမီးခေါင်းဆိုသလို မဖြစ်မနေဖြေရှင်းရဖို့ ဖြစ်လာပါတော့တယ်။ ဒါးမော့တ် လည်း နီကိုးလ်ရဲ့ ပြဿနာတွေကိုလိုက်လံကူညီဖြေရှင်းဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ၊ ဘယ်လိုအစီအစဉ်တွေနဲ့ ဖောက်ထွင်းရေးကို လုပ်ကြမလဲ၊ နီကိုးလ်နဲ့ ဘယ်လိုနီးစပ်သွားမလဲဆိုတာကို ရသပေါင်းစုံ နဲဲ့ရိုက်ကူးထားပါတယ်။ File size…(1.8 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:03:00 Genre… Comedy, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue