
House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ တစ်ချက်တစ်ချက် သွေးထွက်သံယိုပြကွက်တွေပါဝင်လို့ Rated R သတ်မှတ်ထားတာကြောင့် တစ်ချိန်လုံးဆဲတာတွေကြားနေရမှာပါ။ ရှေ့ကမှီငြမ်းထားတဲ့ ဇာတ်ကားလိုမျိုး ယခုကားမှာလည်း နာမည်ကြီး Celebrityတွေ အဆိုတော်တွေ ကစားသမားတွေ cameo အနေနဲ့ အများအပြားပါဝင်ထားပါသေးတယ်။ အဲဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာမောစရာ ကြည့်ချင်တယ်ဆိုရင်တော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ House Party ရုပ်ရှင်ကားကို ကြည့်ရှု့ကြည့်ဖို့ အကြံပြုလိုပါတယ် File size…(2.62GB) / (1.11GB) /794MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.62GB | Download | |
| 1080p | 2.62GB | Download | |
| 1080p | 2.62GB | Download | |
| 1080p | 2.62GB | Download | |
| 720p | 1.11GB | Download | |
| 720p | 1.11GB | Download | |
| 720p | 1.11GB | Download | |
| 720p | 1.11GB | Download | |
| 720p | 1.11GB | Download | |
| 480p | 749MB | Download | |
| 480p | 749MB | Download | |
| 480p | 749MB | Download | |
| 480p | 749MB | Download | |
| 480p | 749MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
4.4 / 10
Director