
IMDb - 6.3/10_____Rotten - 62% သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန် ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့ ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ ဒရက်အလစ်မှာ အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။ သည်တစ်ခါတော့ ရှေးဟောင်းရေ အောက်မြို့တော် အက်လန်းတစ် မှာ ရှိတဲ့ အဖျက်လက်နက်ကို ရယူပြီးရင် သတ္တဝါကောင်အားလုံးသတ်ဖို့ အကြံဖြင့် အဲရစ်ကာကို အဲဒါသွားယူခိုင်းပါတယ်။ ဒရက်ကို အလျင်စလိုမ သတ်ဖြတ်ဖို့ ဗင်က မှာတာ အဲရစ်ကာက မလိုက်နာဘဲ ၎င်းကို နည်းမျိုးစုံနဲ့သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ ဒရက်က ကျွန်းလေးပေါ်မှာ နှစ်ယောက်အတူချိန်းတွေ့ဖို့ ပြောတော့ အဲရစ်ကာက ၎င်းကို သတ်ခွင့်ရမယ်ထင်ပြီး လက်ခံကာ ညစာစားကြတယ်။ သိပ်မကြာခင်မှာ အဲရစ်ကာကို မေးဗစ္စက သံသယဝင်စပြုလာတယ်။ အက်လန်းတစ်မြို့ဟောင်း ကြီးဆီမှာ ဂယ်လက်ဇီသင်္ဘောဆိုက်တော့ အဲဒါကြီးကို ကာဆီနိုအသွင်ပြောင်းထားပုံတွေ့ကြရပြီး အဲရစ်ကာက မြေအောက်အုတ်ဂူ ထဲက အဖျက်လက်နက်ကို ရှာဖွေရယူတယ်။ သူမနောက် လိုက်ချောင်းတဲ့ မေးဗစ္စကိုတော့ ဘိုးဘွားအမွေပစ္စည်းပါလို့ လိမ်ပြောတယ်။ အဲရစ်ကာက အဖျက်လက် နက်ကို အဘိုးဖြစ်သူ ဗင့်လက်ထဲ ပေးအပ်ပြီး ဗင်က သီချင်းဖွင့်တဲ့ ဒီဂျေကို ဖယ်ရှားကာ အဖျက်လက် နက်ကို ဖွင့်လိုက်တဲ့အခါ သတ္တဝါ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မယ့် ရေအောက်သတ္တဝါကောင် ကြီး ခရာကင်လည်း နှစ်ပေါင်းများစွာအိပ်ပျော်နေရာက နိုးလာပြီး ရေ ပြင်အထက် ဘွားခနဲ ပေါ်လာတဲ့ အခါမှာတော့ ဂျင်နဒီတာတာကော့ဗ်စကီးနဲ့ မိုက်ကယ်မက်ကူးလားတို့ရဲ့ ဇာတ် ညွှန်းကို ဂျင်နဒီက စီစဉ်ရိုက်ကူးပြီး အာဒမ်ဆင်းဒလား၊ ဆဲလီးနားဂိုး မက်ဇ်၊ကက်သရင်းဟန်းနဲ့ အင်ဒီဆင်းဘာ့ဂ်တို့က အသံဖြင့် သရုပ် ဆောင်ပေးထားကြတဲ့ သည်ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်က စတင်အောင်မြင်မှုရခဲ့တဲ့ သရီးဒီကာ တွန်းဇာတ်ကားတွေရဲ့ အဆက် တတိယမြောက် ဇာတ်ကားဖြစ်ပြီး IMdb အဆင့် ၆.၃/၁၀ ရရှိကာ ဝေဖန်ရေးဆရာတချို့သာ ချီးမွမ်းထားပေမဲ့ ကာတွန်းရုပ်ရှင်ချစ်သူ အားလုံး နှစ်သက်မယ့် ကာတွန်း ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ kumudranews မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) Quality : Blu-Ray 720p Running Time : 1hr 37min Format : Mp4 Genre : Adventure, Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-BLOW Translated by Zuel Khant Twin Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |