
ပိုဒ်ဗာရီဇို့ဗ်ဆိုတဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးတစ်ယောက်ဟာ လာဘ်စားပေမဲ့ ဖမ်းခံရမှာကိုတော့ ကြောက်နေသူတစ်ဦးပဲဖြစ်ပါတယ်။ သူ့ရဲ့ လာဘ်စားဖော်တွေ အဖမ်းခံရရင် သူ့မှာ ကြောက်ဒူးတုန်ပြီး ဆုတောင်းရတာလည်း အမောပါ။ ပိုဒ်ဗာရီဇို့ဗ်မှာ ဇနီးသည်ချောချောလေးတစ်ယောက်လည်း ရှိပါတယ်။ ဇနီးဖြစ်သူဟာလည်း ချမ်းသာကြွယ်ဝချင်တဲ့စိတ်နဲ့ ပိုဒ်ဗာရီဇို့ဗ်ဖြစ်သူကို ယူထားတာဖြစ်ပြီး ဇနီးဖြစ်သူကို တိတ်တခိုး ကြိုက်နေတဲ့ ဘေးအိမ်ကလူတစ်ယောက်လည်းရှိနေပါသေးတယ်။ ဒီလိုနဲ့ နှစ်သစ်မကူးခင်ရက်ပိုင်းမှာ သူနဲ့ သူ့မိန်းမရဲ့ နှစ်ပတ်လည်ပွဲလေးကျင်းပရင်း အဲဒီပွဲမှာပဲ သူ့ကို လာဘ်စားတဲ့အမှုနဲ့ လာရောက်ဖမ်းခြင်းကို ခံလိုက်ရပါတော့တယ်။ ယောက်ျားဖြစ်သူ အဖမ်းခံရတဲ့နောက်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အသိမ်းမခံရဖို့အတွက် ဘယ်လိုတွေ ထုခွဲရောင်းချသွားမလဲ….. ဇနီးဖြစ်သူကို တိတ်တခိုးကြိုက်နေတဲ့သူကရော ခင်ပွန်းဖြစ်သူမရှိချိန်မှာ ဘယ်လိုတွေ ကြိုးပမ်းဦးမလဲ ……. ပိုဒ်ဗာရီဇို့ဗ်ဖြစ်သူကရော ဘာတွေဆက်ဖြစ်သွားမလဲ …. စတာတွေကို ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy