
Horror in the High Desert (2021) Documentary အမျိုးအစားကို နှစ်သက်ကြတဲ့ ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ 2021 ထွက် Horror Documentary တစ်ကားဖြစ်ပါတယ်။ Gary Hinges ဆိုတဲ့ တောင်တက်သမား YouTuber တစ်ယောက် ပျောက်ဆုံးခဲ့တဲ့ ဖြစ်ရပ်ပုံစံကိုရိုက်ကူးထားတာဖြစ်ပြီးတော့ ဇာတ်လမ်းအစမှာဆိုရင် ဂယ်ရီ စတင်ပျောက်ဆုံးသွားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ အစပျိုးထားပါတယ်။ ဂယ်ရီက နီဗာဒါပြည်နယ်ရဲ့ မြို့သေးသေးလေး ရုသ်မှာ နေထိုင်တဲ့ လူငယ်တောင်တက်သမားတစ်ယောက် ဖြစ်ပြီးတော့ ရထားပုံစံငယ်တွေ လုပ်ရတာနဲ့ တောထဲမှာ စွန့်စားသွားလာပြီး အသက်ရှင်နေထိုင်ရတဲ့ Survivalist ဘဝကို တော်တော်လေး နှစ်သက်ပါတယ်။ သူ့မှာ နာမည်ရင်းနဲ့မဟုတ်ဘဲ ဖွင့်ထားတဲ့ YouTube Channel တစ်ခုရှိပြီးတော့ Survival နဲ့ပတ်သက်တဲ့ Tips တွေကို Video ရိုက်ကာ မျှဝေလေ့ရှိပါတယ်။ တစ်ခေါက်မှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တစ်ခုကို ထိတ်လန့်ဖွယ်ရာ ကြုံတွေ့လာရပြီးတော့ အဲဒီအကြောင်းကို YouTube မှာ ပြန်မျှဝေခဲ့ပါတယ်။ ဒါပေမဲ့ ကြည့်ရှုသူတွေက ဒါဟာ လုပ်ဇာတ်တစ်ခုဖြစ်တယ်လို့ စွပ်စွဲကြပြီးတော့ အဲဒီနေရာကို ပြန်သွားပြီး သက်သေ Video ရိုက်ဖို့ ဂယ်ရီ့ကို တွန်းအားပေးခဲ့ကြပါတယ်။ ဒါကြောင့်ပဲ နောက်တစ်ခါပြန်လည်သွားရောက် ရိုက်ကူးတဲ့အခါမှာတော့ တကယ်ပဲ လူတွေနဲ့အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ နီဗာဒါပြည်နယ်က လူတွေလည်း အပူတပြင်း ရှာဖွေလာကြပြီးတော့ ဒီအကြောင်းကို ရုပ်သံချန်နယ်တစ်ခုက အမှုလိုက်နေစဉ်မှာ ရိုက်ကူးထားတာတွေနဲ့အတူ ဂယ်ရီကြုံတွေ့ခဲ့ရတာတွေကို ဆက်စပ်ကြည့်ရှုရမဲ့ Documentary တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Roseline မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 665MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 22Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Roseline Encoded by Y