
Honey, I Blew Up the Kid (1992) ======================= ဒုတိယ ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ fail နေမယ်။ fail fail လေးပဲ ကောင်းပါတယ် ဆိုသလိုပါပဲ။ Honey I Shrunk the Kids ရဲ့ အောင်မြင်မှုနဲ့ဝင်ငွေကိုတော့ မမီခဲ့ပေမဲ့ အခုကားလည်း ဆက်လက်အောင်မြင် ခဲ့ပါတယ်လေ။ ပြောရရင် မိသားစုကား သိပ္ပံစိတ်ကူးယဉ်ကားတွေ ရလေ့ရှိတဲ့ အောင်မြင်မှုကိုတော့ တင်းပြည့်ကျပ်ပြည့် ရခဲ့တယ်ပေါ့ဗျာ။ ပထမကားကို မမီရကောင်းလားလို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ သူက တစ်ခေတ်တစ် ကားဆိုသလို ထူးခြားဆန်းပြား မမျှော်လင့်ဘဲ ပေါက်သွားတာမလို့ ဘေးမဲ့ပေး လိုက်ကြပါ။ ဒီဇာတ်ကားမှာတော့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ နည်းပညာကိုယူပြီး နိုင်ငံတော် အဆင့်အနေနဲ့ ထပ်မံမွန်းမံဖို့ လုပ်နေတာပေါ့လေ။ ဒီတစ်ခါကတော့ မချုံ့တော့ ဘူးဗျ။ ကြီးအောင်လုပ်မှာ။ ဒီမှာလည်း သူက အပယ်ခံ သိပ္ပံပညာရှင်ပါပဲ။ ဒီလိုနဲ့ စလင်စကီ သားအဖနှစ်ယောက် သားငယ်လေး အာဒမ် ကိုခေါ် ပြီး ဓာတ်ခွဲ ခန်းကို လာပြီးစမ်းသပ်စဉ်မှာ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ကလေး ငယ် အာဒမ် လေးကို ကြီးအောင်လုပ်မိသွားကြတယ်။ လျှပ်စစ်ဓာတ်တွေရတိုင်း အတိုင်းအဆမဲ့ ကြီးနေတာမလို့ ဂေါ်ဇီလာလောက် ကြီး ဖြစ်သွားပါလေရော။ ကလေးအသိဉာဏ်နဲ့ဆိုတော့ တွေ့ကရာ အကုန်ဆွဲ လွှင့်ပစ်နေတော့ မြို့ဖျက်ဂေါ်ဇီလာကြီးလို့ပဲ ပြောပါတော့လေ။ ဒီတော့ စလင် စကီတို့မိသားစု သားငယ်လေးကို ဘယ်လိုပြန်ပြီး သေးအောင်လုပ်မလဲဆိုတာ စိတ်ဝင်ဝစား ကြည့်ရပါဦးမယ်။ ဒီဇာတ်ကားကတော့ ပထမကားလိုမဟုတ်ဘဲ ဗီလိန်ပါလာတယ်ပေါ့လေ။ ဒီတော့ ဗီလိန်ကောင်ကို ကျော်လွန်ပြီး သားငယ်လေး အာဒမ်ကို အန္တရာယ်ကင်းကင်း ဘယ်လိုပြန်ချုံ့ကြမလဲဆိုတာ ကြည့်လိုက်ကြ ရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.85 GB) / (856 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Family Translator…….Arr Khun Winchester Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.85 GB | Download | |
| 1080p | 1.85 GB | Download | |
| 1080p | 1.85 GB | Download | |
| 1080p | 1.85 GB | Download | |
| 1080p | 1.85 GB | Download | |
| 720p | 856 MB | Download | |
| 720p | 856 MB | Download | |
| 720p | 856 MB | Download | |
| 720p | 856 MB | Download | |
| 720p | 856 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
4.9 / 10
Director