
ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ အားကစားနဲ့ဟာသကို ယှဉ်တွဲတင်ဆက်ထားတာဖြစ်ပါတယ်။ ရှောင်းပေတန်ဟာ အပြင်လောကမှာ အမေရိကန်ဘောလုံးအားကစား (American Football) ရဲ့ နာမည်ကြီးနည်းပြတစ်ယောက်ဖြစ်ပြီး ယခုအခါမှာ နည်းပြအဖြစ်မှအနားယူနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့နည်းပြဘဝရဲ့အကြီးမားဆုံးသော အမှတ်တရ ဒါမှမဟုတ် အိပ်မက်ဆိုးကြီးကို နောက်ခံပြုပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ အမေရိကန်ဘောလုံးရဲ့ အမြင့်ဆုံးလိဂ်မှာ ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဒီနည်းပြကြီးဟာ သူ့ရဲ့မွေးရပ်မြေမှာ သူ့သား ပါဝင်ကစားနေတဲ့ ဘောလုံးအသင်းကို နည်းပြဝင်လုပ်ပေးခဲ့ပါတယ်။ သူဟာ သူ့အမျိုးသမီးနဲ့ ကွာရှင်းထားသူဖြစ်ပြီး သားဖြစ်သူဟာလည်း အမေနဲ့ပဲနေထိုင်ရင်းကနေ အဖေကို နာကျည်းနေခဲ့သူတစ်ယောက်ပါ။ ဒီလိုအချိန်မှာ သားဖြစ်သူပါဝင်နေတဲ့ ဘောလုံးအသင်းကိုနည်းပြလုပ်ရင်းနဲ့ သားအဖသံယောစဉ်တွေကို ဘယ်လိုမျိုးပြန်လည်ချည်နှောင်ကြမလဲဆိုတာ ရယ်စရာလေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေးကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size : (1.6GB), (807MB) & (387MB) Quality : WEB-DL 1080p, 720p & 480p Format : mp4 Duration : 1hr & 35mins Genre : Comedy, Sport Translated by Paing & Jumper Neysman Encoded by Kinnov