
Disney ရဲ့ ဇာတ်ကားဟောင်းလေး တစ်ကားဖြစ်တဲ့ Homeon the Range ဆိုတဲ့ ဟာသ animation ရုပ်ရှင်လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ old but gold ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်Home on the Range က အမေရိကန်တောင်ပိုင်းဒေသရဲ့ ဂန္တဝင်သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်ဘက်ဒေသရဲ့ ကောင်းဘွိုင်ခေတ်မှာ အခြေပြုထားတာဖြစ်ပေမဲ့ အဓိကဇာတ်ကောင်တွေက ကောင်းဘွိုင်တွေ မဟုတ်ဘဲ နွားမတွေပါ။ ဇာတ်လမ်းအကျဥ်းကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်းကင်ဘုံစားကျက်မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်တွေကို ခြံရှင်ဖြစ်သူ မစ္စပါးလ်က မိသားစုဝင်တွေလို သဘောထားပြီး အတူပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့ နာမည်ကျော်နွားခိုးသမား လက်ချက်ကြောင့် ခြံရှင်လယ်သမား အတော်များများ ဒုက္ခရောက်နေကြပါတယ်။ အလာမီဒါဆလင်းရဲ့ ပယောဂကြောင့် မစ္စပါးလ်ရဲ့ ကောင်းကင်ဘုံစားကျက်မြေ ခြံလေးလည်း ဘဏ်ကြွေးနဲ့ အသိမ်းခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ခြံထဲက နွားမသုံးကောင်ဖြစ်တဲ့ မက်ဂီ၊ ဂရေ့စ်နဲ့ ကယ်လိုဝေး တို့သုံးကောင်က လူဆိုးကြီးဆလင်းကို ဖမ်းဆီးပြီး ရတဲ့ဆုငွေနဲ့ ခြံကိုပြန်ရွေးမယ်လို့ ဆုံးဖြတ်လိုက်ပြီး သုံးကောင်သား ဗရုတ်သုတ်ခ စွန့်စားခန်းတွေဖွင့်ကြပုံကို ကြည့်ရှုရမှာပါ။ ပျော်ရွှင်ကြည်နူးစရာကောင်းသလို မိသားစု၊ မိတ်ဆွေတို့အကြား သံယောဇဉ်တွေကိုလည်း ဟာသရုပ်ရှင်ဖြစ်ပေမဲ့ လှလှပပ ထည့်သွင်းပေးထားတဲ့အပြင် ဒစ္စနေထုံးစံအတိုင်း happy ending လည်းဖြစ်တာမလို့ rating နည်းတာတွေခဏမေ့ထားပြီး အချိန်တစ်နာရီ စွန်းစွန်းပဲ ကြာတဲ့ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်လို့ နောင်တရမယ်လို့ မထင်ပါဘူး။ File size…(1.7 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre… Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 915 MB | Download | |
| 720p | 915 MB | Download | |
| 720p | 915 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director