
Hello Meera (2023) IMDb 8.4/10 Survival Movie ကြိုက်သူတွေ သဘောကျကြမှာပါ။ Survival Movie တွေထဲမှာ ကျွန်တော် သဘောကျမိတာ မနှစ်ကမှ ထွက်တဲ့ Fall(2022)မှာ မိန်းကလေးနှစ်ယောက် တာဝါပေါ်မှာ ဒုက္ခတွေရောက်ကြတာလေ။ နောက်ပြီး The Swallows(2016) ပင်လယ်ထဲမှာ ငါးမန်းတကောင်နဲ့ ဗျာများရတဲ့ စော်လေးလေ။ ကျွန်တော်က FA မို့လားမသိ ရုပ်ရှင်တွေထဲ စော်ခပ်လန်းလန်းလေးတွေ ဒုက္ခရောက်တာ မြင်နေရရင် ရင်တမမနဲ့ ကြည့်ရတာ သဘောတွေကိုကျနေရော။နောက်ဆုံးမှာတော့ အဆင်ပြေစေချင်တဲ့စိတ်လေးလည်း ရှိပါတယ်လေ။ အခုတင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးထဲမှာလည်း ကောင်မလေးတယောက် ဘယ်လိုတွေ ဒုက္ခရောက်မလဲ ကြုံလာတဲ့ ဒုက္ခကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းအကျဉ်း မီရာဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်ဖို့ ရက်ပိုင်းပဲလိုတော့တယ်။ သူ့မင်္ဂလာဆောင်အတွက် သတို့သမီးဝတ်စုံ သွားယူဖို့ တယောက်တည်း ကားတစီးနဲ့ သွားတဲ့အချိန်မှာ သူ့ရဲ့ EX ပေါ့ (EX ဆိုတာ ကောင်းကျိုးပေးတတ်တဲ့ အမျိုးမဟုတ်ဘူးလေ)။ အဲဒီ EX က Suicide လုပ်ပါရော၊ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တဲ့ လူသေမှုကို လူသေစေမှုအဖြစ် မီရာ့အပေါ် ရဲဌာနက သံသယဝင်လာတဲ့ အခါမှာ၊သံသယဝင်ရအောင်လည်း EXကြီးက ဖန်တီးခဲ့လေတော့ မီရာတယောက် အဲဒီအမှုကို ဖြေရှင်းနိုင်မှာလား မင်္ဂလာပွဲကို ဆက်ပြီးကျင်းပနိုင်မှာလားဆိုတာ Hello Meera ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဖုန်းတလုံးနဲ့ ဘယ်လိုတွေ ဖြေရှင်းပြီး သူ့ဘ၀အတွက် ရင်ဆိုင်ဖြေရှင်းရပုံကို မျက်တောင်မခတ်စတမ်း ကြည့်ရှုရမှာပါ။ (အညွှန်းနှင့် ဘာသာပြန်သူတွေသူကတော့Zwe,chiclon3,BpL,Yunni,Thaik San တို့ပဲ ဖြစ်ပါတယ်) File size…1.24GB/ 522MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~chiclon3~BpL~Yunni~Thaik San
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
April 21, 2023
ကြာချိန်
1h 33m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Srinivasu Kakarla