
Hell House LLC III: Lake of Fire (2019) Hell House Franchise ရဲ့ တတိယမြောက်ဇာတ်ကားမို့ ကြည့်ရှုသူတွေအဖို့ အထွေအထူး ညွှန်းစရာတော့ လိုမှာမဟုတ်ပါဘူး။ ဒီကားမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ Abaddon ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ Insomnia ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Russell Wynn က သူ့ရဲ့ Audience – Interactive Showကို ဒီလို သရဲခြောက်ပြီး လျှို့ဝှက်မှုအပြည့်နဲ့ဟိုတယ်ထဲမှာ တင်ဆက်ဖို့ စီစဉ်လာပါတယ်။ “Morning Mysteries”ဆိုတဲ့အမည်နဲ့ အပိုင်းကို ထုတ်လွှင့်ပြသမှာ ဖြစ်ပြီးတော့ ဗန်နက်ဆာဆိုတဲ့အမျိုးသမီးပါဝင်တဲ့ တင်ဆက်သူအဖွဲ့က ဒီရှိုးနဲ့ပတ်သက်ပြီး အားလုံးကိုရိုက်ကူးဖို့ ခွင့်ပြုချက်ရထားပါတယ်။ ဖွင့်ပွဲမတိုင်ခင် ရိုက်ကူးရေးတွေ ပြင်ဆင်နေတုန်းမှာပဲ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက စတင်လာပါတယ်။ ရှိုးမှာပါဝင်မဲ့ သရုပ်ဆောင်တွေဟာ ဟိုတယ် မြေအောက်ခန်းမှာ လူနဲ့မတူတဲ့ အရာတွေနဲ့ တွေ့ကြုံလာရပြီးတော့ နှုတ်ထွက်တာတွေ ဖြစ်လာကြပါတယ်။ နဂိုတည်းက လူအသေအပျောက် တောက်လျှောက်ဖြစ်နေတဲ့ ပစ္စန္တရစ်ဟိုတယ်ကြီးထဲမှာကျင်းပမဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်တဲ့ပြဇာတ်ဟာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ Hell House LLC III ထဲမှာ ဆက်လက်ကြည့်ရှုကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Roseline မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 795MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 25Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Roseline Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 720p | 795MB | Download | |
| 720p | 795MB | Download | |
| 720p | 795MB | Download | |
| 720p | 795MB | Download | |
| 720p | 795MB | Download | |
| 720p | 795MB | Download |