
ဖင်လန်နိုင်ငံကရိုက်တဲ့ ဟာသဇာတ်ကားလေးပါ။ ၂၀၁၈ခုနှစ်ထွက် Heavy Trip ရဲ့ နောက်ဆက်တွဲဇာတ်ကားပါ။ မတ်တယ်လ်ဂီတ (Metal music) ဆိုတာ ရော့ခ်ဂီတရဲ့ မျိုးခွဲတစ်မျိုးပါ။ သူ့ရဲ့ အဓိကလက္ခဏာတွေကတော့ ကျယ်လောင်အားပြင်းတဲ့အသံ၊ လျှပ်စစ်ဂစ်တာကို distortion effect တွေနဲ့ အသုံးပြုတာ၊ ရှုပ်ထွေးတဲ့ ဂစ်တာ riff တွေ၊ အားပါတဲ့ ဒရမ်သံနဲ့ ဘေ့စ်သံတွေ၊ ကျယ်လောင်ပြီး ပြင်းထန်တဲ့ အဆိုတော်ရဲ့ အသံတို့ပဲ ဖြစ်ပါတယ်။ မျိုးခွဲတွေလည်း အများကြီး ရှိပါတယ်။ နာမည်ကြီးတဲ့ မျိုးခွဲတွေကတော့: မက်တယ်လ်ဂီတဟာ ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်အများအပြားရှိတဲ့ ဂီတအမျိုးအစားတစ်ခုပါ။ သူ့ရဲ့ ပြင်းထန်တဲ့ အသံနဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန် ဖော်ပြတဲ့ ပုံစံကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Impaled Rektum “တံကျင်လျို” မတ်တယ်လ်တီးဝိုင်းဟာ ပထမဇာတ်ကားက ဖြစ်ရပ်တွေကြောင့် နော်ဝေထောင်တစ်ခုမှာ ထောင်ဒဏ်ကျခံနေရပါတယ်။ အဆိုတော် တိုရို (Johannes Holopainen)၊ ဘေ့စ်ဂစ်တာသမား ဇီထရပ်စ် (Max Ovaska)၊ ဂစ်တာသမား လော့ဗိုနန် (Samuli Jaskio) နဲ့ ဒရမ်သမား အိုလာ (Chike Ohanwe) တို့ကို ဂျာမနီနိုင်ငံ ဗက်ကမ်မှာကျင်းပမယ့် ဂီတပွဲတော်အတွက် ယူရို ၅၀၀၀၀ပေးပြီးကမ်းလှမ်းခဲ့ပေမယ့် ဇီထရပ်စ်က မတ်တယ်လ်ဂီတပွဲမစစ်လို့ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မွေးမြူရေးခြံကိုအပေါင်ဆုံးတော့မယ့် လော့ဗိုနန်ရဲ့အဖေကို ကယ်တင်ဖို့ ထောင်ဖောက်ပြေးပြီး ပိုက်ဆံရှာဖို့အသည်းအသန်ကြိုးစားကြပုံများကို ဟာသတွေနှောပြီး ကြည့်ရမှာပါ။ တံကျင်လျိုအဖွဲ့ရဲ့ မက်တယ်လ်ဂီတပုံစံကတော့ “”symphonic post-apocalyptic reindeer-grinding Christ-abusing extreme war pagan Fennoscandian metal” ပါတဲ့။ ချစ်စရာ ဂျပန် Baby Metal အဖွဲ့က Cameo ပါဝင်ထားပါတယ်။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Juuso Laatio နဲ့ Jukka Vidgren ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size… (1.3 GB) / (837 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by T Lone