
Heavenly Creatures (1994) IMDb Rating (7.3) / Rotten Tomatoes (95 %) ဒီရုပ်ရှင်ကားကတော့ Titanic မင်းသမီးကြီး Kate Winslet ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာကတော့ The Lord of the Rings ဒါရိုက်တာ Peter Jackson ဖြစ်ပါတယ်။ သူတို့အနုပညာခရီးလမ်းရဲ့ ကနဦးရုပ်ရှင်ဖြစ်ခဲ့ပေမယ့် Rating တွေလဲ မနိမ့်ခဲ့သလို ထိုက်သင့်တဲ့အောင်မြင်မှုလဲ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အမီပြုရိုက်ကူးထားတာဖြစ်ပြီး Period Drama, Teagedy, True Crime, Biography, Thriller အစရှိတဲ့ genre မျိုးစုံပါဝင်ထားပါတယ်။ ဒါ့အပြင် ဆုပေါင်း ၁၇ ဆုကို ရရှိခဲ့သလို အော်စကာဆန်ကာတင်ပါဝင်ခဲ့တာမလို့ Old but Gold လို့ပဲဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့… ဂျူလိယက်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာ တစ်နေ့မှာ ကန်တာဘူရီဒေသက ကောလိပ်ကိုပြောင်းလာခဲ့ပါတယ်။ ဖခင်က အင်္ဂလန်က ပါမောက္ခချုပ်တစ်ယောက်အဖြစ်ရောက်လာတာဖြစ်တဲ့အတွက်ကျောင်းမှာ ပြောစမှတ်တွင်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့စရိုက်ကြောင့် သူ့ကိုသိပ်သဘောမကျတဲ့ ပေါလင်းပါကာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ နှစ်ယောက်လုံးက ငယ်စဉ်ကတည်းက ရောဂါအသီးသီးခံစားခဲ့ကြဖူးတဲ့သူတွေပါ။ ဒီလိုနဲ့ အချင်းချင်းစာနာမိပြီး သူငယ်ချင်းဖြစ်သွားရာကနေ တဖြည်းဖြည်း အခင်ဆုံးသူငယ်ချင်းတွေအထိဖြစ်သွားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဂျူလိယက်က အရင်ကအဆုတ်ရောင်ဂါတစ်မျိုးဖြစ်တဲ့ တီဘီပိုးပြန်ထလာပြီး ဘယ်လောက်ထိဆိုးရွားတဲ့ကိစ္စတွေဆက်ဖြစ်မလဲဆိုတာ…။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |