
Hearts in the Game (2023) ~ IMDb rating - 6.5/10 ~ ဒီတစ်ခေါက် မိတ်ဆက်ပေးမှာကတော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်းကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်စေတာရော ဝမ်းနည်းစေတာရော ခံစားစေရတဲ့ အချစ်ဟာသကားလေး Hearts in the Game ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ နယူးယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်းလေးကို အစပျိုးဖို့ကြိုးစားနေတဲ့ ဆယ်လီနာမည်ကျော်တွေရဲ့ အရှုပ်တွေကောလဟလတွေကို အချစ်တွေအဖြစ်ပြန်ပြောင်းယူပေးရတဲ့ ကိုယ်ရေးကိုယ်တာတာဝန်ခံ ဟေဇယ်မေလာတစ်ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲဖို့အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အရေးကတော့ ဘေ့စ်ဘောလောကမှာ နာမည်ကျော် ဘောလုံးပစ်သမားတစ်ယောက်အဖြစ် ကျော်ကြားနေတဲ့ သူ့ရဲ့ငယ်ချစ်ဟောင်း ဒီအေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်တုန်းက အကြောင်းတစ်စုံတစ်ရာကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အရေးကိုလွဲစေခဲ့တဲ့ ဒီအေဂိုတစ်ယောက် ဘေ့စ်ဘောလောကထဲပြန်ဝင်ဖို့ ပရိသတ်တွေရဲ့ အကောင်းမြင်မှုကိုလိုအပ်နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီအေဂိုအကြောင်း ဆောင်းပါးရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒီအကြောင်းရေးဖို့ သူတို့ရဲ့ဇာတိလေးဆီပြန်လာရင်း သူတို့နှစ်ယောက် အတိတ်တုန်းက ဘာလို့လမ်းခွဲခဲ့ရတာလဲ... သူတို့နှစ်ယောက်ကြားမှာ အချစ်တွေပြန်လည်ပေါက်ဖွားလာမလား... ဒီအေဂို ကွင်းလယ်ထဲရပ်ခဲ့မိတာကရော ဘာကြောင့်လဲ.. ဆိုတာတွေကို ရိုမန်တစ်ဆန်ဆန် ကြည့်ရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 640MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 22Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y