
Headshot (2016) အကြမ်းအရမ်းမှာ နာမည်ကြီးတဲ့ အက်ရှင်မင်းသား Iko ရဲ့ ကားဟောင်းထဲက ကားကောင်းလေး ပြန်ကြည့်ကြမယ်နော်။ ၆နှစ်ကနေ ၁၀နှစ်အောက် ကလေးငယ်တွေကိုပဲ ရွေးဖမ်းပြီးတော့ လက်ရွေးစင်ခိုးဆိုးလုနှိုက်တွေဖြစ်အောင် ပျိုးထောင်နေတဲ့ အကြမ်းဖက်ဖခင်ကြီးလို တင်စားခေါ်ကြတဲ့လူ၊ အဲဒီလူတည်ထောင်ထားတဲ့ဂိုဏ်းကတော့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေကြားမှာတောင် အကြမ်းဆုံး အကြောက်ရဆုံးဂိုဏ်းတစ်ခုပေါ့။ ပင်လယ်ကမ်းခြေမှာ ဒဏ်ရာတွေနဲ့လဲကျနေတာကိုမြင်ပြီး ကယ်တင်ခံခဲ့ရာကနေ အိုင်လင်လို့ခေါ်တဲ့ ဆရာဝန်လေးနဲ့တွေ့ဆုံခဲ့ရတဲ့ ကောင်လေး၊ သူ့ရဲ့ဒဏ်ရာတွေကြောင့် အတိတ်ကိုပြန်သတိမရဘဲ သူ့ကိုယ်သူ အစ်ရှ်မိုင်ယာလို့ နာမည်ပေးလိုက်ပြီးနောက် ဆရာဝန်မလေးအိုင်လင်နဲ့ ရင်းနှီးလာကြပြီး ဆရာဝန်မလေးက သူ့ခေါင်းထဲက ကျည်စတွေကို ထုတ်နိုင်ဖို့ ဂျကာတာကိုသူနဲ့အတူလိုက်ဖို့ ခေါ်ခဲ့ပေမဲ့ သူ့ကိုယ်သူပြန်လည်ရှာဖွေမယ်ဆိုပြီးတော့ ရှာဖွေခဲ့ရာကနေ …. ဘယ်လိုတွေကြုံတွေ့ရမလဲ ….. အဲဒီဂိုဏ်းနဲ့ရော သူကဘယ်လိုတွေ ပတ်သတ်နေလဲ ….. ဒီကောင်လေးနဲ့ ဆရာဝန်မလေးအိုင်လင်တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲ …. ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Thriller Quality…. 1080p | 720p File size… 1.8GB | 940MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou Encoder ….. Aaron