
CMပရိတ်ကြီးကို ဒီတခါ Coralineနဲ့Before I fall တို့လိုမျိုး Horror Thriller ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးပါရစေ။ လီဆာ ဂျွန်ဆန်ရဲ့ နေ့ရက်တွေက ထူးဆန်းနေတယ်။ သူတို့ပြောင်းလာတဲ့ ဒီအိမ်ကြီးမှာ နေ့ရက်တိုင်း နေ့ရက်တိုင်းက သူမရဲ့အသက် ၁၆နှစ်မပြည့်ခင်တရက်ကိုပဲ အမြဲသံသရာလည်နေသလို အပြင်ထွက်သွားလို့လည်းမရဘူး။ မိုးလင်းရင် မောင်ဖြစ်သူကလှမ်းနှိုး အ၀တ်လျှော်ဖို့လုပ် မနက်စာ ပန်ကိတ်တွေစား ညဘက်ဆို တီဗီကဇာတ်လမ်းကို တမိသားစုလုံးကြည့်ကြ ဒါမျိုးကိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းနေရတယ်။ ဒါကို သတိထားမိတာကလည်း သူတယောက်ထဲပဲရှိသလို သူ့မိသားစုကလည်း ဘယ်လိုရှင်းပြပြ မှတ်မိမနေဘူး။ တနေ့မှာတော့ သူမအခန်းထဲကနေ အိုလီဗီးယားဆိုတဲ့ ကောင်မလေးတယောက်ရဲ့အသံကို ကြားမိလာတာကနေ သူမရဲ့ဖြစ်နေကျနေ့ရက်တိုင်းက ထူးဆန်းပြီးရင်းထူးဆန်းလာပါတော့တယ်။ ဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်ကဘာတွေလဲ။ ဒီကောင်မလေးနဲ့ သူနဲ့က ဘယ်လိုမျိုးဆက်စပ်နေတာလဲ။ သူနဲ့သူ့မိသားစုကိုဘာတွေဖြစ်ပျက်ခဲ့တာလဲ။ အိုလီဗီးယားနဲ့ ဆက်သွယ်မိတိုင်း ပေါ်လာတတ်တဲ့ လူကြီးတယောက်ကရောဘယ်သူလဲ။ အိုလီဗီးယားပေါ် ကျလာမယ့် အန္တရာယ်ကိုရော သူမ တားဆီးပေးနိုင်ပါ့မလား။ ဒီနေ့ရက်တရက်တည်းကိုပဲ အမြဲသံသရာလည်နေတဲ့ ဒီအိမ်ကြီးထဲကရော လီဆာတို့မိသားစု နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။