
Mean Girls က Gretchen ကိုအားလုံးရင်းနှီးကြမှာပါ။ ဒီကားကတော့ Gretchen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lacey Chabert ရဲ့ ခရစ္စမတ်ဇာတ်ကားသစ်လေးပါ။ ရည်းစားနဲ့ပြတ်သွားတဲ့ အမ်မလီက သူ့ရည်းစားမောင်းချလို့ နေစရာရှာမရဖြစ်နေတဲ့အချိန် မိဘတွေရှိတဲ့ အဲဗားဂရင်းလိန်းက အိမ်ကိုပြန်လာခဲ့ပါတယ်။ တကယ်က အမ်မလီကအိမ်ကို ပြန်မလာချင်ပါဘူး။ ဘာလို့ဆို အမ်မလီငယ်ငယ်ကတည်းက အဲဗားဂရင်းလိန်းမှာ ခရစ္စမတ်အချိန်ဆိုရင် အိမ်တွေအလှဆင်ကြ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်ကြနဲ့ အနားမနေရတာက အစဉ်အလာတစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့်အသည်းကွဲလာတဲ့ အမ်မလီက ခရစ္စမတ်မှာ အနားယူချင်တဲ့အတွက် သူ့မိဘတွေကို ဒီအလုပ်တွေမလုပ်ခိုင်းရဘူးလို့ ကတိပေးခိုင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ရောက်ရောက်ချင်းမှာပဲ သူ့အမေတို့က ဖလော်ရီဒါကို ခရီးထွက်သွားပြီး သူ့ကိုတစ်ယောက်တည်း ထားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အဲဗားဂရင်းလိန်းအိမ်ရှင်များအသင်းရဲ့ ဥက္ကဋ္ဌအသစ်စက်စက်လေးက အမ်မလီ့ကို သူမလုပ်ချင်တဲ့ ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်တာတွေကို လုပ်ခိုင်းတဲ့အခါမှာ သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်လာမလဲ။ အမ်မလီကရော ဒီကိစ္စတွေကို အလုပ်တွေရှုပ် အရှုပ်တွေလုပ်နေတယ်လို့ ဆက်မြင်ဦးမှာလား ဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…(2.08GB) / (996.15MB) / (507.41MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre...Comedy / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by EL