Preparing your cinema experience...

Hashtag Tadev lagnam (2024) “လေးဆယ်ကျော်အချစ်” IMDb – 8.0/10 ပေါ့ပေါ့ပါးပါးနဲ့ အပျင်းပြေစေမဲ့ မာရသီအချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၃၆ကြိမ်မြောက်ထိ နည်းလမ်းအမျိုးမျိုးနဲ့ အိမ်သူသက်ထားရဖို့အရေး ကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်း ငြင်းခံခဲ့ရတဲ့ လူပျိုသိုးကြီးတစ်ယောက်။ မိဘတွေမရှိဘဲ ကိုယ်ဝန်သည်နှမဖြစ်သူကို အိမ်မှာခေါ်စောင့်ရှောက်ပေးနေတဲ့ အစ်ကိုကြီးလည်းဖြစ်။ ဒါပေမဲ့လည်း ဇွဲမလျော့သေးဘဲ နောက်ဆုံးကြိုးစားကြည့်တဲ့သူကတော့ လေးဆယ်နားကပ်နေတဲ့ အပျိုကြီး ဂါယာတရီ။ ဂါယာတရီကတော့ မိုးလင်းကမိုးချုပ် လင်ယူဖို့ပဲ တပူဆာဆာလုပ်နေတဲ့ အမေဖြစ်သူနဲ့ အကြောမတည့်လှ။ သူတို့နှစ်ယောက် ဆုံတွေ့ကြချိန်မှာတော့ ရယ်စရာမောစရာလေးတွေနဲ့ အပျင်းတော်ပြေစေမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်၊)