Preparing your cinema experience...

Harta Tahta Raisa (2024) Raisa Andriana ဆိုသူ အင်ဒိုနီးရှားက အဆိုတော်မလေးရဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် Billboard chart တွေမှာလည်း ချိတ်ခဲ့တဲ့အပြင် အင်ဒိုနီးရှားက GBK Stadium ဆိုတဲ့ လူဦးရေ ၇၇၀၀၀ ဆံ့တဲ့ ကွင်းကြီးထဲမှာ ကွင်းလုံးပြည့် concert လုပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးတစ်ကိုယ်တော်အဆိုရှင် ဖြစ်လာတဲ့ ကောင်မလေးရဲ့အကြောင်းဖြစ်ပြီး သူငယ်ငယ်ကတည်းက ဂီတနောက်ကိုလိုက်ခဲ့ပုံ သူ့နားမှာ အားပေးထောက်ခံကူညီခဲ့တဲ့လူတွေအကြောင်း၊ အင်ဒိုနီးရှား popstar တစ်ယောက်ရဲ့ အနုပညာခရီး၊ သမီးတစ်ယောက်၊ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်နဲ့ အဆိုရှင်ဖြစ်လာဖို့ အိပ်မက်မက်သူတစ်ယောက်အဖြစ် သူဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ V~ Alex~ KKKZ~ Zwe ဖြစ်ပါတယ်