
Harbin (2024) **************** IMDb… 8.2 ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူ Park Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ် မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။ ၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ “ကိုရီးယား-ဂျပန်” စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ် စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ လွတ်လပ်ရေး ရရှိဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဘုရင်ခံကို လုပ်ကြံသတ်ဖြတ်ဖို့ စစ်ဆင်ရေးကို အစချီခဲ့ပါတယ်။ ဒီ စစ်ဆင်ရေးကို ကိုရီးယား တပ်မတော်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ဂျွန်းဂွန်း (Hyun Bin) က ဦးဆောင်ခဲ့ပြီး လွတ်လပ်ရေး လှုပ်ရှားမှု မဟာမိတ် အဖွဲ့ဝင်တွေနဲ့ အတူ သတင်းအချက်အလက်တွေ စုဆောင်းကာ ရုရှားတခွင်ကို လှည့်လည် သွားလာရင်း စစ်ဆင်ရေး ဆင်နွှဲပါတော့တယ်။ ဇာတိသွေး၊ ဇာတိမာန် အပြည့်နဲ့ တိုက်ပွဲဝင်သွားမဲ့ ဒီ စစ်ဆင်ရေးကြီးဟာ စွန့်စားမှုတွေ၊စွန့်လွှတ်မှုတွေ ကြားထဲကနေ အောင်မြင်သွားနိုင်မလားဆိုတာကို ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပါတယ်။) File Size : (2.26GB) / (1.37GB) / (610MB) Quality : WEB-DL 4K HEVC / 1080p/ 720p Format…mp4 Duration…01:54:00 Genre : Action, Historical, Crime, War Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff , Min Wai
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 1080p | 1.37GB | Download | |
| 1080p | 1.37GB | Download | |
| 1080p | 1.37GB | Download | |
| 1080p | 1.37GB | Download | |
| 720p | 610MB | Download | |
| 720p | 610MB | Download | |
| 720p | 610MB | Download | |
| 720p | 610MB | Download | |
| 720p | 610MB | Download |