
1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 5 ဖြစ်ပါတယ်.. စုစုပေါင်း ငါးကားတိတိရှိပြီးတော့ အရှေ့က ၄ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ် Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ် Kathy မှာ အရမ်းချစ်စရာကောင်းပြီး သိတတ်တဲ့ မက်ဂျစ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင် ရှိပါတယ်။ သူမရဲ့ အမေရိကန်မှာရှိတဲ့ မိဘတွေဆီ အလည်သွားနေတုန်း ရည်းစားဖြစ်သူ အားကျယ်ဆီ အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အားကျယ်က မက်ဂျစ်ကို ကြည့်မရသူ ဖြစ်တဲ့အတွက် သေချာဂရုမစိုက်ပဲ ဖြစ်သလိုထားခဲ့ပါတယ်။ ဒါနဲ့ မက်ဂျစ်ဟာ အိမ်က ထွက်ခဲ့ပြီး ဘုရားကျောင်းတစ်ခုကို ဖြတ်သွားချိန် ဖယောင်းတိုင်မီးကြောင့် လောင်ကျွမ်းနေတဲ့ အပျော်နတ်ဘုရားရုပ်တုကို ကယ်ခဲ့ပါတယ်။ အပျော်နတ်ဘုရားကလည်း ကိုယ်ထင်ပြပြီး မက်ဂျစ်ရဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ပါတယ်။ မက်ဂျစ်က လူဖြစ်ချင်တယ်လို့ ဆုတောင်းတော့ အပျော်နတ်ဘုရားက ၄၉ ရက်တာ လူဖြစ်ခွင့်ပေးခဲ့ပါတယ်။ ခွေးလေး မက်ဂျစ်ကနေ လူယောကျာ်းမက်ဂျစ် ဖြစ်သွားပြီးနောက် ဘယ်လိုအလွှဲလေးတွေ ဖြစ်မလဲ…… သူ့သခင် Kathy နဲ့တွေ့ရတဲ့အခါ သူ့ကို မှတ်မိလိမ့်မလား…… Kathy နဲ့ အားကျယ်ကြားမှာ မက်ဂျစ်တစ်ကောင် ဘယ်လိုဝင်ရှုပ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ရယ်မောလိုက်ရအောင်နော်။