
အိဗ်ရဲ့ အသက်၅၀ပြည့်မွေးနေ့အတွက် သူငယ်ချင်းတွေစုပြီး စပရိုက်အဖြစ် ဂရိခရီးစဉ်စီစဉ်ခဲ့ကြပေမဲ့ လေယာဉ်ချို့ယွင်းမှုကြောင့် ခရီးစဉ်ပျက်ပြီး အဲဒီအစား အိဗ်ရဲ့ဘိုးဘွားပိုင်အိမ်တော်ရှိတဲ့ ဘရော်တာနီဒေသမှာ အားလပ်ရက်ကုန်ဆုံးဖို့ ဖြစ်လာပါတော့တယ်။ ဘရော်တာနီဒေသဟာ မိုးရွာသွန်းမှုများတာကြောင့် နေပူဆာလှုံချင်တဲ့သူငယ်ချင်းတစ်စုအတွက် အခက်တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ မွေးနေ့ရှင်အတွက် အံ့အားသင့်အောင် လက်ဆောင်အသီးသီး ပြင်ဆင်ခဲ့ကြပေမဲ့ အန်တွိုင်းပြင်ဆင်ပေးခဲ့တဲ့ လက်ဆောင်ကြောင့် အိဗ်ဘဝရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးကို သော့လှည့်ဖွင့်သလို ဖြစ်လာရပါတော့တယ်။ ဘရော်တာနီဒေသရဲ့အလှတရားနဲ့ အသက် ၅၀ ဝန်းကျင် လူကြီးပိုင်းတွေစိတ်နေစိတ်ထားကို မြင်တွေ့ရတဲ့ ဒီဇာတ်ကားလေးက အားလပ်ချိန်မှာ ပေ့ါပေါ့ပါးပါးကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးပါ။ File size…(1.5 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina