
Happiness for Sale (2013) ************************** Hello Me ထဲက မင်းသမီး Choi Kang Hee နဲ့ Penthouse ထဲက မင်းသား Bong Tae Gyu တို့ ပါဝင်ပြီး IMDb RATING 6.4 ရရှိထားတဲ့ comedy drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ မီနာ(ချွဲဂန်ဟီး)ဟာ ဆိုးလ်မှာ အခွန်ဌာနဝန်ထမ်းတစ်ဦးဖြစ်ပါ။ တစ်နေ့မှာတော့ မွေးရပ်မြေ မူဂျူမှာနေထိုင်တဲ့ သူမရဲ့အဖေ ဆေးရုံတက်လိုက်ရတာကို သိခဲ့ရပါတယ်။ သူမရဲ့အဖေက မီနာရဲ့ကုန်စုံဆိုင်ဆိုတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ အဖေ ဆေးရုံတက်နေရတော့ မီနာက အိမ်ခြံမြေအကျိုးဆောင်နဲ့ ဆက်သွယ်ပြီး ကုန်စုံဆိုင်ကို ရောင်းဖို့လုပ်တယ်။ ဒါပေမဲ့ ဆိုင်ကိုရောင်းဖို့ဆိုရင် မီနာပြန်လာပြီး ဆိုင်ဖွင့်ပေးရမယ်လို့ အိမ်ခြံမြေအကျိုးဆောင်က ပြောခဲ့တယ်။ မီနာက မွေးရပ်မြေမှာ အပယ်ခံတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရတာကြောင့် သူ့ရဲ့ငယ်ဘဝကို မနှစ်ခြိုက်ဘဲ မွေးရပ်မြေကိုလည်း မပြန်ချင်ခဲ့ဘူး ။ သို့ပေမဲ့ မီနာရဲ့ချစ်သူက ဖောက်ပြန်ခဲ့ပြီး အလုပ်မှာလည်း ပြဿနာတက်ခဲ့ပြီးတဲ့နောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။ အလုပ်ရပ်ဆိုင်းခံရတဲ့ မီနာဟာ မွေးရပ်မြေဆီ ပြန်လာခဲ့ပြီး ကုန်စုံဆိုင်ကို ရောင်းရဖို့အတွက် ဆိုင်ပြန်ဖွင့်ပါတော့တယ်။ တစ်လျှောက်လုံးမှာ မီနာရဲ့ရည်ရွယ်ချက်က ဆိုင်ကိုရောင်းဖို့ပါပဲ။ ဒါပေမဲ့ ဆိုင်ရောင်းထွက်ဖို့အတွက် ဆိုင်လေးကိုပြန်ဖွင့်ရင်း ဆိုင်ရဲ့ဖောက်သည် ကလေးလေးတွေနဲ့ ဘယ်လို ဇာတ်လမ်းလေးတွေဖြစ်လာမလဲ .. သူမရဲ့ ငယ်ဘဝက မကောင်းခဲ့တဲ့အမှတ်တရတွေကရော ဘာလဲ .. မီနာက ဆိုင်လေးကို တကယ်ပဲ ရောင်းဖြစ်သွားမလားဆိုတာကိုတော့ ခံစားချက်အနိမ့်အမြင့်တွေနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ (အညွှန်းကို KYoun မှ ရေးသားထားပါတယ်) File size…2.42GB / 1.05GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 46m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by KYoun Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.42GB | Download | |
| 1080p | 2.42GB | Download | |
| 1080p | 2.42GB | Download | |
| 1080p | 2.42GB | Download | |
| 720p | 1.05GB | Download | |
| 720p | 1.05GB | Download | |
| 720p | 1.05GB | Download | |
| 720p | 1.05GB | Download | |
| 720p | 1.05GB | Download |