
ဒါရိုက်တာ Kim Han-min ဆိုတာကတော့ The Admiral: Roaring Current, War of the Arrows တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူပါ။ အခုလည်း ဂျိုဆွန်း ရေတပ် စစ်သူကြီး လီဆွန်းရှင်းအကြောင်း ထပ်မံရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ထွက်လာခဲ့ပြန်ပါပြီ။ အားလုံးသိကြတဲ့အတိုင်း စစ်သူကြီး လီဆွန်းရှင်းဟာ ဂျပန် ကျူးကျော်စစ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး စစ်ပရိယာယ် ကြွယ်ဝတဲ့ နည်းဗျူဟာမှုးအဖြစ်လည်း ကျော်ကြားပါတယ်။ ဒီ Hansan: Rising Dragon ဆိုတဲ့ ရုပ်ရှင်ကတော့ စစ်သူကြီး လီဆွန်းရှင်းရဲ့ သမိုင်းဝင် အောင်ပွဲဆင်နိုင်ခဲ့တဲ့ ဟာဆန်းဒို တိုက်ပွဲ အကြောင်းကို အခြေခံပြီး အသေးစိတ် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက အာရှကို မင်းမူခဲ့တဲ့ ဂျပန်တွေကို ပင်လယ်ပြင်မှာ ဘယ်လို ဗျူဟာခင်းပြီး အနိုင်ယူခဲ့လဲ? ကိုးရီးယားတွေရဲ့ ဂန္တဝင် လိပ်သင်္ဘောတွေက စစ်ရေးမှာ ဘယ်လို အရေးပါ အရာရောက်သလဲ? စတာတွေ ကြည့်နိုင်မဲ့အပြင် နိုင်ငံရေး စစ်ရေး လှည့်ကွက်တွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာ ကားကောင်းလေး ဖြစ်ပါတယ်။ စစ်သူကြီး လီဆွန်းရှင်း အနေနဲ့ ဝါရင့်မင်းသားကြီး Park Hae Il က ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီးလေး Kim Hyung Gi အပြင် Byun Yo Han , Taec Yeon , Gong Myung တိုနဲ့အတူ ဝါရင့်သရုပ်ဆောင်ကြီးတွေ တွဲဖက် ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်တဲ့ ကားလေး ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Win က ရေးပေးထားပါတယ်။) File Size : 8GB, 3GB, 1.2GB & 593MB Quality : 4K WEB-DL HEVC, 1080p WEB-DL, 720p WEB-DL & 480p Format : mkv,mp4 Duration : 2hr & 10mins Genre : Action, Drama, History Subtitle : Myanmar Subtitle(Hardsub) Translated by Win, Estel & Yumeko Encoded by Phyo Pyae & Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 8 GB | Download | |
| 1080p | 3 GB | Download | |
| 720p | 1.2 GB | Download |