
Gurren Lagann the Movie: The Lights in the Sky Are Stars (2009) =============================================== Gurren Lagann The Movie ဒုတိယပိုင်းဖြစ်တဲ့ ” The Lights in the Sky are Stars ” ဟာ ပထမ Movie ထက် Rating ပိုများပြီး IMDb 8.0 အထိ ရရှိခဲ့တဲ့ Anime ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ခဲ့တဲ့ အချက်ကနေ စပြောချင်ပါတယ်။ ” အမြင့်မှန်းတဲ့ လူသားအရိုင်းအစိုင်းတွေ သောင်းကျန်းလာရင် စန္ဒာလကတောင် ငရဲတမန် ဖြစ်လာပြီး Spiral ကမ္ဘာကို ချေမှုန်းလိမ့်မယ်။ ” …… အကြီးမားဆုံးရန်သူကို နှိမ်နင်းပြီးတဲ့ အခါမှာတော့ လူသားတွေအားလုံး မြေအောက်ထဲမှာသာအခြေချဖို့ အတင်းအဓမ္မဖိနှိပ်ခံရာ ကနေ လွတ်မြောက်ခဲ့ပါပြီ။ Spiral King ရဲ့ နောက်ဆုံးစကားကို မေ့မေ့ပျောက်ပျောက်ဖြစ် ပြီး မြို့ပြရပ်ကွက်တွေနဲ့စည်ကားနေတဲ့ Kamina City ကတော့ နေ့နေ့ညည အသက်ဝင်လို့ နေပါတယ်။ လွတ်လပ်ရေးဆောင်ကျဉ်းသူ Dai-Gurren အဖွဲ့ဝင်တွေထဲမှာ မြို့သစ်၊ ပြည် သစ်ရဲ့ အစိုးရအဖွဲ့သားတွေဖြစ်လာကြသူတွေရှိသလို သာမန်ဘဝလေးကို ရွေးချယ်သွားကြ သူတွေလည်း ရှိကြတာပေါ့။ Kamina မရှိတော့တဲ့နောက်မှာ အစိုးရအဖွဲ့အသစ်ကို ဦးဆောင်ရတာကတော့ Simon ပါပဲ။ တစ်မြို့လုံးရဲ့ အားပေးထောက်ခံမှု၊ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ Dai Gurren အဖွဲ့သား တွေရဲ့ တစ်ချိန်က တိုက်ပွဲဝင်ဖော်ဝင်ဖက် Gunmen တွေလည်း ငြိမ်းချမ်းတဲ့ကာလရဲ့ အရိပ် အောက်မှာ အနားယူနေဆဲပေါ့။ ဒီလိုအပူအပင်ကင်းတဲ့ ခေတ်ကာလမှာ Gunmen တွေ မြေ ပြင်ပေါ်ပြန်ရောက်မယ့် အရေးကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ကြ ပါဘူး။ ဒီလိုနဲ့ Spiral King ရဲ့ သတိပေးချက် အမှန်ဖြစ်လာမယ့် တစ်နေ့မှာတော့ …. ” လက် ထပ်ရအောင် နိယ ” ရယ်လို့ Simon ရဲ့ အရဲစွန့်ခွင့်ပန်စကားလေး အဖြေကြားလိုက်ရချင်းမှာ တင် ရုတ်တရက်ပြောင်းလဲသွားတဲ့ နိယရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် …. Happy ending နဲ့ စခဲ့တဲ့ဇာတ်လမ်းဟာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ Rating ကောင်းတွေကိုယုံပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါလို့ပဲ Suggest လုပ်ချင်ပါတယ်။ Part 1 မကြည့်ရသေးသူများက ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Hnin Wut Yi မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူ များကတော့ Hnin Wut Yi, Ngwe Zin တို့ ဖြစ်ပါတယ်) File Size……….(2.71 GB) / (1.21 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 06Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Drama Translator…….Hnin Wut Yi, Ngwe Zin Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.71 GB | Download | |
| 1080p | 2.71 GB | Download | |
| 1080p | 2.71 GB | Download | |
| 1080p | 2.71 GB | Download | |
| 1080p | 2.71 GB | Download | |
| 720p | 1.21 GB | Download | |
| 720p | 1.21 GB | Download | |
| 720p | 1.21 GB | Download | |
| 720p | 1.21 GB | Download | |
| 720p | 1.21 GB | Download |
ထုတ်လွှင့်သည့်နေ့
April 25, 2009
ကြာချိန်
2h 6m
အဆင့်သတ်မှတ်ချက်
8.0 / 10
Director
Hiroyuki Imaishi