
ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။ BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီး လစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။ အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။ အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။ သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။ အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ငွေကြေးအခက်အခဲကြောင့် ဆန်ချာကာအမေဖြစ်သူဟာ တစ်နေ့မှာ အပြင်ထွက်အလုပ်ရှာရင်းအပြီးတိုင်ပျောက်သွားခဲ့ပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ဆန်ချာကာလေးဟာ အိမ်ကနေထွက်၊ ကြုံရာလိုက်တောင်းရမ်းရင်း တခြားကလေးတွေလိုက်ရိုက်တာခံခဲ့ရပါတယ်။ ဆန်ချာကာကို နောက်ထပ်မိဘမဲ့လေးတစ်ယောက်က ကယ်တင်ခဲ့ပြီး နောက်နောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင် သိုင်းတွေလည်း သင်ပေးခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ သိုင်းလည်းတတ် ၊ ကိုယ်ကိုယ်၌ကမသိသေးတဲ့အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဆန်ချာကာလေးဟာ နောက်ထပ်ဆယ်နှစ်လောက်ကြာတဲ့အခါမှာတော့.... ဒီဇာတ်ကားလေးဟာ comic ကိုအသက်ပြန်သွင်းထားတဲ့ BumiLangit Cinematic Universe ရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်တာကြောင့် Gundala စတင်ဖြစ်လာပုံတွေ၊ Hero အသစ်တွေနဲ့ သူတို့ရဲ့ ဗီလိန်တွေကို မိတ်ဆက်တဲ့ ကနဦးဇာတ်ကားအနေနဲ့ပဲရှိပါသေးတယ်။ ဒါပေမယ့် ထင်ရက်စရာမရှိတာက ဇာတ်လမ်းကို အတတ်နိုင်ဆုံးဇာတ်အိမ်ကောင်းကောင်းဖွဲ့ပြီး ဗီလိန်နဲ့ ဟီးရိုးတွေကိုမိတ်ဆက်ပေးသွားတာပါပဲ။ စူပါဟီးရိုးကားသာဆိုပေမယ့် အချိတ်အဆက်မိတဲ့ အက်ရှင်ခန်းလေးတွေကလည် း The Raid ဇာတ်ကားထက်မလျော့တဲ့ ခံစားမှုမျိုးကိုပေးစွမ်းတာမို့ အားရစရာကောင်းလှပါတယ်။ IMDB Rating ကလည်း 7/10 တောင်မှဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ကတော့ ကျွန်တော် သဲသွေး (နေရဲနီ)ပဲဖြစ်ပါတယ်။ File Size : (900 MB) Quality : WEB-DL 720p Running Time : 2hr 03min Format : Mp4 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC x264-NonDRM Translated by Nay Yell N Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |