
ဆရာကြီး Nic Cageရဲ့ နုစဉ်အခါက ဇာတ်ကားဟောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Need for Speed F&Fတို့လို vibeမျိုးဖြစ်ပြီး Nic ရဲ့ ကားမောင်းစွမ်းရည် တွေကို မြင်တွေ့ရမှာပါ။ အဲဒီအပြင် မမဂျိုလီရဲ့ နုပျိုတဲ့ အလှတရားတွေကိုလည်း တွေ့ရဦးမှာပါ။ ဇာတ်လမ်းကတော့ ကားသူခိုးအလုပ်ကနေ အနားယူပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့ မမ်ဖစ်ရိန်းစ် တဖြစ်လဲ နစ်ကေ့ဂ်ျကြီးဆီကို မကောင်းတဲ့အလုပ်တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ညီဖြစ်သူ ကစ်ပ်က ကားမှောင်ခိုဂိုဏ်းတစ်ခုအတွက် ကားခိုးပေးဖို့ အလုပ်လက်ခံပြီး အောင်မြင်အောင် မလုပ်နိုင်လို့ ဖမ်းခံ ထားရပြီး အသတ်ခံရမယ့်အရေးနဲ့ ကြုံနေရတာပါ။ အဲဒီအတွက် ညီဖြစ်သူကိုကယ်တင်ဖို့ အပေးအယူအနေနဲ့ မမ်ဖစ်တစ်ယောက် အဲဒီဂိုဏ်းအတွက် ကားခိုးပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ခိုးပေးရမယ့် ကားအစီးရေ ကလည်း အစီး၅၀တိတိ ဖြစ်ပြီး လေးရက်အတွင်း အပြီး ခိုးပေးရမှာပါ။ ဒါ့အပြင် သူနဲ့ နောက်ကြောင်းတွေ ရှိခဲ့တဲ့ နယ်ခံစုံထောက်တွေကလည်း သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေတာမလို့ မမ်ဖစ်တစ်ယောက် သူ့ကားသူခိုးအဖွဲ့နဲ့ ရဲတွေလက်ကလွတ်အောင် ကားအစီး၅၀ကို ဘယ်လိုမျိုး ခိုးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File Size : 1.9 GB, 922 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 922 MB | Download | |
| 720p | 922 MB | Download | |
| 720p | 922 MB | Download | |
| 720p | 922 MB | Download | |
| 720p | 922 MB | Download | |
| 720p | 922 MB | Download |