
အေမီဟာ လူသတ်သမားအကြောင်းတွေ သွေးသံရဲရဲ သတ်ဖြတ်မှုအကြောင်းတွေ ပုံတိုပတ်စ ရုပ်ရှင်တွေနဲ့ ဝတ္ထုတွေကို ခုံမင်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်တယ်။ ဆယ်ကျော်သက်ဆိုတဲ့အတိုင်း ကိုယ်သဘောကျတဲ့အရာတွေကို လက်တွေ့နဲ့ ယှဥ်ပြီး စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်။ပြောရရင် လူသတ်သမားကို ရှာချင်တဲ့ စုံထောက်မလေးတစ်ယောက်လို နေချင်တယ်ပေါ့။ အဲ့တော့ ဘာလုပ်လဲ? သူမအိမ်ပြတင်းပေါက်ကနေ မှန်ဘီလူးတစ်လက်နဲ့ ဟိုဒီလျှောက်ကြည့် စပ်စုနေတော့တာပေါ့။ အဲ့လိုနဲ့ သူမရောက်နေတဲ့ မြို့လေးမှာအရင်က ရှိခဲ့ဖူးတဲ့ Clockwork killer ဆိုတဲ့ serial killer ဇာတ်လမ်းဟာ အရင်ကဟိုးလေးတကျော်ဖြစ်ခဲ့သလောက် အခုတော့ လူသတ်မှုတွေ ဆိတ်သုဥ်းနေတဲ့ အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အေမီ့ အတွေးထဲမှာတော့ Clockwork Killer ဟာ အငြိမ်နေမှာမဟုတ်ဘူး။ တစ်ရက်တော့ကျိန်းသေ ပြန််ပေါ်လာမယ်ဆိုတာ စုံထောက်အဖြစ်စိတ်ကူးယဉ်ရတာကြိုက်တဲ့ ညာဥ်ကြောင့် သူမအတွေးထဲမှာ တစ်ချိန်လုံးနေရာယူထားပါတော့တယ်။ ဒီလိုနဲ့တစ်ရက်ကျတော့ သူမထင်ထားတဲ့အတိုင်း Clockwork Killer ပြန်လဲပေါ်လာရော သူမနဲ့မှဘယ်လို နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမလဲ? ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ဇာတ်လမ်းကောင်းလေးပါ။ detective teenager လေးတစ်ယောက် ဒီအမှုကို ဘယ်လိုရင်ဆိုင်မလဲ? ဘယ်လို မြှုပ်ကွက်တွေရှိမလဲ? Clockwork killer ကရော ဘယ်သူဖြစ်မလဲ? ကိုယ်တိုင်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hein That Naing ပါ။) File Size : 1.1GB, 428MB,250MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 25mins Genre :Horror, Thriller Translated by Hein That Naing Encoded by Kinnov