
ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာင်္ဉာဏ်ကြီးရှင်ပါပဲ။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာင်္တက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။ အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်။ လက်ရှိ ၂၀၁၇ အထိကို တစ်ပုဒ်ပဲ အဖြေရှာနိုင်သူရှိပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ မေရီလေးကို သူ့အဘွားက ဒီပုစ္ဆာတွေရှင်းနိင်ဖို့နဲ့ သူ့လက်အောက်မှာ ပျိုးထောင်ဖို့ ဖရန့်ဆီကနေ လာခေါ်ပါတယ်။ ဖရန့်ကတော့ သူ့အမေရဲ့ ဖြစ်ခဲ့သလို မေရီ့ကို မဖြစ်စေချင်ဘဲ သာမာန်ကလေးဘဝနဲ့ ကြီးပြင်းစေချင်တာမို့ လုံးဝငြင်းဆန်လိုက်တဲ့အခါ သားအမိနှစ်ယောက် ကလေးလုဖို့အတွက် ရှေ့နေကိုယ်စီနဲ့ တရားရုံးမှာ ရင်ဆိုင်တွေ့ရပါတော့တယ်။ ဖရန့်က ကလေးတက်လမ်းအတွက် မေရီ့ကို လက်လွှတ်နိုင်မလား၊ ဆက်ခေါ်ထားဖို့ ဆုံးဖြတ်မလား။ မေရီကို ပိုင်ဆိုင်တဲ့သူက အနိုင်လား အရှုံးလား၊ လက်လွှတ်ရတဲ့သူက အနိင်လား အရှုံးလား။ မေရီအတွက်ကရော ဘယ်လမ်းက အမှန်လည်း ဘယ်လမ်းကအမှားလည်း။ ပြိုင်ပွဲတစ်ခုဆိုတာ အနိုင်အရှုံး ရိုးရှင်းပေမယ့် မေတ္တာတရားနဲ့ ရောယှက်လာရင်တော့ ဒီမေးခွန်းတွေဟာ အင်မတန်ကို ဖြေရခက်ပါလိမ့်မယ်။ မထင်ထားတဲ့ဟာတွေနဲ့ လှည့်ကွက်တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ခံစားကြည့်ပါလို့ ညွှန်းချင်ပါတယ်။ File Size : 725 MB Duration : 1 : 36: 54 Quality : Bluray rip 720p Translator : Littleneo Encoder : Littleneo