Preparing your cinema experience...

အလုပ်သင်ဆရာဝန်မလေးနဲ့ သူငယ်ချင်းတစ်စုဟာ နယ်ကဘုရားကျောင်းတစ်ကျောင်းမှာယာယီဆေးခန်းဖွင့်ဖို့ရောက်လာခဲ့ပါတယ်။ အနီးနားကမြို့လေးမှာ ပလိပ်ရောဂါပြန့်နှံနေပြီး လူနာတွေကဆေးကုဖို့လက်မခံပါဘူး။ အဲဒီလိုလက်မခံအောင် ဘုရားကျောင်းကဘုန်းတော်ကြီးက ချုပ်ကိုင်ထားတာဖြစ်နေပါတယ်။ ဘုရားသခင်ကိုယုံကြည်မှသာ စောင့်ရှောက်ခံရမယ်လို့ဆိုပါတယ်။ အဲဒီနေရာမှာ ရောဂါထပ်ပိုပြီးကြောက်စရာကောင်းတာကတော့ တစ္ဆေပါ။ တစ္ဆေတွေဟာ သူတို့ရဲ့တာဝန်မပြီးမြောက်မချင်း လူတွေကိုလိုက်သတ်နေတယ်လို့ဆိုပါတယ်။ သိပ္ပံပညာကိုပဲယုံတဲ့ ဆရာဝန်အဖွဲ့ဟာ ဒီလိုရှေးရိုးဆန်တဲ့အယူသည်းမှုတွေကြားမှာရောက်လာတဲ့အခါ ပြဿနာကိုသိပ္ပံနည်းကျဖြေရှင်းဖို့ ကြိုးစားရင်း တစ္ဆေနဲ့ရင်ဆိုင်ကြရပါတော့တယ်။ ဒီဘေးဒုက္ခအရာအားလုံးဟာ လူတစ်ယောက်ရဲ့အစွန်းရောက်တဲ့ စွဲလန်းစိတ်ကြောင့်လို့သိလိုက်ရတဲ့အချိန်မှာ တော်တော်နောက်သွားပါပြီ……