
ဒီရုပ်ရှင် ကားဟာ ထိုင်းနိုင်ငံတွင် ရိုက်ကူးထားတာ ဖြစ်ပြီး ယုံကြည်မှု တစ်ခုကို အခြေခံထားတဲ့ ကြောက်မက်ဖွယ်ရာ ကျိန်စာသင့် အိမ်တွေ အကြောင်းဖြစ်ပါတယ် ဒါနဲ့ သက်ဆိုင်တဲ့ အနေအထား ပြောရရင် ကျနော်တို့ မြန်မာနိုင်ငံမှာ သစ်ပင်တွေ အိမ်တွေမှာ နတ်စင်တွေ ထားရှိပြီး ယုံကြည်စွာ ကိုးကွယ်ကြပါတယ် ထိုင်းတွေမှာလဲ နတ်စင်တွေ ရှိပါတယ် ဒါပေမယ့် သူတို့ကတော့ နတ်စင် လို့ မသုံးနှုန်းပါဘူး သေတဲ့သူတွေ ခိုကိုးရာ ရဖို့ ဝိဉာဉ်အိမ် (Ghost House) တွေလို့ သုံးနှုန်းတာကို အခုမှ ကျနော်လဲ သေချာသိပါတယ် ထိုင်းနိုင်ငံရဲ့ Shopping Mall တစ်ချို့မှာ ဆိုလျင် ထိုမြေပိုင်ရှင်များကို နတ်ကွန်း (Ghost House ) များဖြင့် အမွှေးတိုင် ပူဇော် ဆီမီးပူဇော် အစားအသောက်များ ကပ်ရုံ မကပဲ သူတို့ ကြိုက်နှစ်သက်သော ရှေးဟောင်း ထိုင်းသီချင်းများကိုပါ ဖွင့်ပေးထားရသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရဖူးပါတယ် ထို (Ghost House ) များအတွင်းတွင်လဲ ပုံတူ ရုပ်ထုများကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါတယ်။ သေချာ တွေးရင်တော့ သရဲမွေးထားတယ်လို့ စဉ်းစားမိပြီး ကျောချမ်းမိပါသေးတယ် 😀 အခု တင်ပေးတဲ့ Ghost House ဆိုတဲ့ Horror ရုပ်ရှင်ကတော့ 2017 တွင် ထွက်ရှိထားတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ Ghost House ကျိန်စာကို သေချာ ရှင်းပြထားတဲ့ ရုပ်ရှင်ကားလို မြင်မိပါတယ် Review လေးကိုတော့ သေချာဖတ်ပြီးမှ ရုပ်ရှင်ကိုကြည့်ပါနော် ============================================== ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ ချစ်သူနှစ်ဦး ဂျင်မ် နှင့် ဂျူလီယာ တို့ဟာ ဂိုဂို လို့ ခေါ်တဲ့ ဧည့်လမ်းညွှန်လေး နှင့်သိကျွမ်းကာ ဟိုတယ် တစ်ခုမှာ တည်းခိုရင်း ထိုင်းနိုင်ငံရဲ့ လှပတဲ့ ရှုခင်းများ ရိုးရာ ဓလေ့များကို လေ့လာခဲ့ကြပါတယ်… ဂျင်မ် ကတော့ ဂျူလီယာ ကို အရိပ်တကြည့်ကြည့်ဖြင့် ချစ်မြတ်နိုးသူ ဖြစ်ပြီး ချစ်သူ ဂျူလီယာ ကတော့ ဒီခရီးစဉ်ကို စိတ်လှုပ်ရှားပျော်ရွှင်နေပြီး ကင်မရာ တစ်လုံးဖြင့် ကောင်းကောင်းအလုပ်ရှုပ်နေခဲ့ပါတယ်…. တစ်နေ့မှာတော့ ကော်ဖီဆိုင်တစ်ခုတွင် ဂျင်မ် မှ ဂျူလီယာ ကို စေ့စပ်လက်စွပ် ပေး၍ လက်ထပ်ခွင့် တောင်းခဲ့ပါသည် ပျော်ရွှင်နေသော ချစ်သူနှစ်ဦး ဟိုတယ် သို့ အပြန် သူတို့ တည်းခိုနေသည့် ဟိုတယ်တွင် ဗြိတိန် နိုင်ငံသား ၂ ယောက်ဖြင့် သိကျွမ်းကာ မိတ်ဆွေ တွေဖြစ်သွားကြပါတယ် ထိုနှစ်ယောက်မှာ ရောဘတ် နှင့် ရီနို ဖြစ်ပြီး ထိုကဲ့သို့ လက်ထပ်ခွင့်ရရှိတဲ့ အတွက် ဂုဏ်ယူကြောင်း ဒီ တစ်ညတော့ သူတို့ ၂ ဦး ဒကာခံမည်ဟု ဆိုကာ ဂျင်မ် နှင့် ဂျူလီယာ တို့အား Night Out ခေါ်သွားပြီး စကားစပ်မိ၍ ဂျူလီယာ ဓါတ်ပုံရိုက်ကူးရန် နတ်စင် များစွာ ရှိကြောင်း အမှတ်တရ ဖြစ်စေရန် လိုက်ပို့မည်ဖြစ်ကြောင်း ပြောကာ ထို့ညမှာပင် တောအုပ်တစ်ခု အတွင်း စွန့်ပစ်ထားသော နတ်စင်များ ရှိရာသို့ စတင် ထွက်ခွာခဲ့ပါတော့တယ်… ထိုခရီးစဉ်သည် ဂျူလီယာ အတွက် အထူးအဆန်းများစွာ တွေ့ရမည်လား ထိတ်လန့်တုန်လှုပ်စရာများ ကြုံရမည်လား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါကြပါရန်….
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.46 GB | Download | |
| 1080p | 1.46 GB | Download | |
| 1080p | 1.46 GB | Download | |
| 1080p | 1.46 GB | Download | |
| 1080p | 1.46 GB | Download | |
| 720p | 622 MB | Download | |
| 720p | 622 MB | Download | |
| 720p | 622 MB | Download | |
| 720p | 622 MB | Download | |
| 720p | 622 MB | Download | |
| 720p | 622 MB | Download |